847 107 46
                                    

"ဟော မေမေ့သားလေး ဒီနေ့ထူးထူးခြားခြား ခုနှစ်နာရီခွဲတဲ့အထိအခင်းထဲမသွားဖြစ်သေးပါလား နေမကောင်းလို့လား သား
မှန်း ကိုယ်ပူစမ်းကြည့်ရအောင်"

ထမင်းစားခန်းထဲ စားပွဲကိုလက်ထောက်ပြီးခပ်ကိုင်းကိုင်းရပ်နေတဲ့ Gem ကိုမြင်တော့ မေမေက အံ့ဩတကြီးစကားဆိုရင်း Gem နဖူးကိုလက်ဖဝါးလေးနဲ့အပြေးလာစမ်းသည်......

Gem ခေါင်းခါကာပြုံးလိုက်မိရင်း မေမေ့ကိုယ်လုံး သေးသေးကျစ်ကျစ်လေးကိုနောက်ကသိမ်းဖက်လိုက်တော့ မေမေက ငချွဲလေး လိုပြောကာ တိုးတိုးဖွဖွရယ်မော‌လာလေရဲ့.....

မေမေက Gem ကိုဆိုသိပ်စိတ်ပူတတ်တာ.......

မေမေ စိတ်ပူမယ်ဆိုလည်းပူချင်စရာ......

အရင်ကဆို အခုလို ဆေးဖြန်းရမယ့်ရက်မျိုးက အလုပ်နဲနဲရှုပ်တာမို့ Gem တို့ မိုးမလင်းခင်ထဲက အခင်းထဲရောက်နေပြီ....

အလုပ်သမားတွေနဲ့အတူတူမနက်စာစားသောက်ပြီး လုပ်ရမယ့်အလုပ်တွေညွှန်ကြားကာ ကိုယ်တိုင်လုပ်ဖို့လိုတာတွေဝင်လုပ်ရင်း ညနေစောင်းမှအိမ်ပြန်လာနေကျ.....

တစ်ခါတလေဆို စပျစ်ခင်းထဲက လုံးချင်းအိမ်ပိစိလေးမှာ အိပ်ချင်လည်းအိပ်တတ်သေးသည်.....

အလုပ်ရှိရက်နဲ့အခုလို မနက်လင်းသည်အထိအိမ်မှာ တစ်ခါမှမနေဖူးတာမို့ Mea Ning တို့အထူးအဆန်းဖြစ်မိသည်မှာ အလွန်တော့မဟုတ်.....

"နေကောင်းပါတယ်မေမေရဲ့ မေမေ့အင်ဂျင်နီယာလေးမနိုးသေးလို့စောင့်နေတာ သူနိုးရင်သွားတော့မှာပါ"

"အော်.....အဲ့ဒါဆိုလည်း မေမေတို့နဲ့မနက်စာလေးအတူထိုင်စားပါလားသားရယ်
ဘာလို့မတ်တပ်ကြီးရပ်နေတာတုန်း
သား အဖေလည်းခဏနေဆင်းလာတော့မှာလေ"

"မစားသေးဘူးမေမေ အန်တီ May ကိုမနက်စာပြင်‌ပေးဖို့ပြောထားတာရတော့မယ်ပြောတယ် အဲ့ဒါစောင့်နေတာ
Fourth နဲ့မှပဲအတူစားတော့မယ် တစ်အိမ်လုံးစားပြီး သူပဲကျန်နေရင် တစ်ယောက်ထဲစားနေရမှာစိုးလို့"

စကားဆုံးတော့ မေမေ က Gem ကိုခပ်ပြုံးပြုံးမော့ကြည့်လာလေသည်....

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now