1.9K 129 63
                                    

"ဟာ....ဖေဖေကလည်း သားမသွားချင်ဘူး အဲ့လောက်တောကျတဲ့နေရာကို"

"မသွားလို့မရဘူး Fourth မင်းပြဿနာရှာတာအရမ်းများသွားပြီ ဒီတစ်ခါတော့ ငါသည်းမခံနိုင်တော့ဘူး"‌

မနေ့ညက Fourth ဘားမှာ Winny တို့ Satang တို့ Parth တို့နဲ့အရက်သွားသောက်ပြီးရန်ဖြစ်ခဲ့ခြင်းကြောင့် မနက်စောစောစီးစီး ဖေဖေဆူတာကိုခံနေရတာဖြစ်သည်.....

ပုံမှန်ဆို ရန်‌ဖြစ်တိုင်းပြဿနာကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ရအောင်ရှင်းနေကျ......
မတော်လို့ရဲစခန်းတွေဘာတွေရောက်သွားခဲ့ရင်လည်း မေမေက ပိုက်ဆံထုပ်ပိုက်ပြီးလိုက်ခေါ်နေကျမို့ ဖေဖေ့နားထဲရောက်လိုက်တယ်ကိုမရှိ.....

အခုတော့ကျားရှေ့မှောက်လျက်လဲ ဆိုသလို ဖေဖေ့စီးပွါးပြိုင်ဖက်ရဲ့သားအုပ်စုနဲ့ Fourth တို့အဖွဲ့နဲ့ငြိပြီး Fourth က အဲ့ကောင်ရဲ့ BMW အသစ်စက်စက်ကြီးကို baseball ရိုက်တံနဲ့အသားကုန်ဗျင်းခဲ့တဲ့အပြင် အဲ့ကောင်ကိုပါ လက်ကျိုးတဲ့အထိသမခဲ့တာကြောင့် ဖေဖေ့မှာ သူ့ပြိုင်ဖက်ကို မတက်သာတဲ့အဆုံးခါးကျိုးမတက်တောင်းပန်လိုက် ရလေသည်.....

Fourth ကြောင့်မာနထိခိုက်သွားတာမို့ ဖေဖေက အခုလို Fourth ကိုနင်းကန်ဆူနေခြင်းဖြစ်သည်......

ဆူရုံ ဆူတယ်ဆို Fourth Natawat တို့ကမခံနိုင်စရာအကြောင်းမရှိ
အရင်ထဲက ဖေဖေဆူတာခံနေကျမလို့ အရေထူနေပြီ....

အခုဟာက ဖေဖေက ရက်ချဘူရီ ဘက်က ရွာတစ်ရွာမှာ ဆေးရုံဆောက်ရမယ့် project ကို Fourth လက်ထဲဇွတ်ထိုးထည့်နေတာကြောင့် Fourth အကြောက်အကန်ငြင်းနေခြင်းဖြစ်သည်.......

Civil နဲ့ဘွဲ့ရပြီးကတည်းက ဖေဖေ့ construction group မှာ အစ်ကိုတွေနဲ့အတူဝင်‌လုပ်နေတာမို့လို့ အလုပ်လုပ်ရတာက Fourth အတွက်ကပြဿနာမရှိ......

ပြဿနာရှိတာက သွားရမယ့်နေရာ......

မြို့ပေါ်လဲမဟုတ်......ဟိုး နယ်စပ်က စပျစ်စိုက်တဲ့ရွာပိစိလေး......

ကျေးလက်ဆေးပေးခန်းလေးကလွဲပြီး တစ်ရွာလုံးပေါင်းလို့ ဆေးရုံတစ်ရုံတောင်မရှိတဲ့ ရွာသေးသေးလေး......

Fourth သွားနေကျ club တို့ bar တို့ရှိဖို့ဆိုတာဝေးလားဝေး.....KTV တောင်ရှိမယ်မထင်

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now