အပိုင်း(9)

1.5K 104 4
                                    

ဒီနေ့ သခင်ကြီး ပြန်ရောက် မယ်ဆိုလို့ နာရာ အစောကြီးထဲက အိပ်ရာကထပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်နေလိုက်သည်။ သခင်ကြီး ပြန်ရောက်လာရင် အကြီးအကဲတွေကို ဆက်ခံသူ ယူခိုင်းဖို့ အတွက် သခင်ကြီးကို ပြောခိုင်းမည်။ ဆက်ခံသူမွေးပြီးရင်သူလဲ မျိုးနွယ်သခင်မ ဖြစ်ပြီလေ။.ကို့အတွေးနဲ့ကို ပျော်နေတုန်း အစေခံလေး က အဆောင်ပေါ်ကိုတက်လာပြီး နာရာ့ အနားကိုအပြေးအလွှားရောက်လာသည်။

"ဟဲ့ ဘယ်လို ဖြစ်လို့ မနက်အစောကြီး ဝုန်းဒိုင်းကျဲနေတာလဲ''

"ဟိူ သခင်မ နာရာ   သခင်....သခင်ကြီး က''

"ဘာလဲ သခင်ကြီးပြန်ရောက်နေပြီလား အာ့တာဆို အမြန်သွားပြီးကြိုရမှာပေါ့''

"မဟုတ်ပါဘူး သခင်ကြီး က မနက်အစောကြီး ထဲကပြန်ရောက်နေတာတဲ့ အခု အားလုံးကို စုဝေးဖို့ရင်ပြင်ကိုခေါ်ခိုင်းလိုက်တယ် ''

"ဘာ သခင်ကြီး က ပြန်ရောက်နေပြီ''

အစေခံလေးရဲ့စကားကြောင့်နာရာ.မျက်ခုံးကြုံ့သွားသည်။.အစောကြီး ထဲက ပြန်ရောက်နေတဲ့သူက နာရာ့ဆီကိုတောင်အရင်မလာပဲ ရင်ပြင်မှာလူစုခိုင်းတယ်။.ခါတိုင်း ဆိုရင် ဘယ်ခရီးကပဲ ပြန်လာပါစေ နာရာ့ဆီကိုအရင်ဝင်နှုတ်ဆက်လေ့ရှိသည်။.အခုကျ ဘာလို့ ပြောင်းလဲနေရတာလဲ။

"သခင်ကြီး က ဘာလုပ်ဖို့ လူစုခိုင်းတာလဲ ''

"အာ့တာတော့ဒီအစေခံ လဲ မသိပါဘူး သခင်မ နာရာ့ကို သွားခေါ်ဆိုလို့ လာခေါ်တာပါ''

"သိပြီ  သွားမယ် လာ''

"ခါရူး...အာ မှားလို့ အခု ဘယ်လို ခေါ်ရမလဲ အရင်လို နာမည်ခေါ်လိူ့မရတော့ဘူးလေ''

"မင်း အဆင်ပြေသလို ခေါ်ပါ အရမ်းကြီး မတွေးပါနဲ့ ဟုတ်ပြီလား ''

"ဘယ်ဖြစ်မလဲ ခများက မျိုးနွယ်စုခေါင်းဆောင်လေ ပြီးတော့ကျွန်တော်ရဲ့ခင်ပွန်းဖြစ်လာမဲ့သူဆိုတော့ နာမည် ခေါ်လို မသင့်တော်ဘူးလေ ဒီလိုလူပ် အရှင်လို့ခေါ်မယ်လေ ''

"ကဲပါ.အဆင်ပြေသလို ခေါ် ဟုတ်းပြီလား  အခုတော့ သွားကြမယ်''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now