Episode1(A)

168 4 1
                                    

မနက်ခင်းနေရောင်ခြည်နုနုကခန်းစီးအဖြူရောင်ကြားမှအခန်းငယ်အတွင်းသို့ဝင်ရောက်လာသည်။

အိပ်ယာပေါ်တွင်ငြိမ်သက်နှစ်ခြိုက်စွာအိပ်ပျော်နေရာမှမျက်နှာပေါ်သို့အနည်းငယ်ဖြာကျနေသောအလင်းရောင်ကြောင့်ရှင်းရောင်နီသော်နိုးလာပြီဖြစ်၏။

မျက်တောင်ရှည်တို့တစ်ဖျတ်ဖျတ်ခတ်ရင်းနိုးထလာသည်နှင့်ရောင်နီပြုံးလိုက်သည်။နေ့သစ်တစ်နေ့နှင့်ရင်ဆိုင်ရဦးမည်။

အိပ်ယာကနိုးနိုးချင်းခဏလောက်အိပ်ယာပေါ်တွင်ငြိမ်သက်စွာထိုင်နေခြင်းမှာရောင်နီနေ့သစ်တွင်ဘာတွေလုပ်မည်၊ဘယ်လိုတွေအကျိုးရှိစွာနေမည်ကိုစဥ်းစားနေခြင်းဖြစ်၏။

ယခုဒီဇင်ဘာလရောက်ပြီဖြစ်သည့်အတွက်christ masပိတ်ရက်ရှည်ရသည်။ဒီနေ့ရောင်နီမေမေ့တို့ဆီသွားလည်ပါမည်။

မွေးရပ်မြေကဘုရားကျောင်းတွင်နေကြသည့်မိဘမဲ့ကလေးတွေကိုရောင်နီအချိန်ပိုင်းလုပ်ရာမှရသည့်လုပ်အားခလေးနှင့်မုန့်အချို့ဝယ်သွားပေးမည်။

မုန့်စားရသည်မို့ပြုံးပျော်နေကြမည့်မျက်နှာလေးတွေ၊ကျေးဇူးတင်ပါတယ်လို့တစ်ဖွဖွပြောကြမဲ့ပုံရိပ်လေးတွေမြင်ယောင်မိပြန်တော့လည်းရောင်နီပြုံးရပြန်ပါပြီ။

လုပ်ချင်သည်တို့ကိုအစီအစဥ်ဆွဲပြီးသည့်အခါတွင်တော့ရောင်နီထပြီးအိပ်ယာသိမ်း၊မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးစာကြည့်စားပွဲတွင်ခနလောက်ထိုင်ကာကျမ်းစာဖတ်ပြီးဆုတောင်းပါသည်။

ဒါဟာရောင်နီနေ့စဥ်လုပ်နေကြပင်ဖြစ်၏။တစ်ညတာလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရလို့ကျေးဇူးတင်ပြီးတစ်နေ့တာလုံးကိုလည်းဘေးကင်းစေဖို့စောင့်ရှောက်ရန်ဆုတောင်းပါသည်။

ပြီးတာနဲ့အခန်းထဲကindoor plantလေးတွေရေလောင်းပြီးပြတင်းပေါက်ဘောင်ပေါ်တင်ထားသည့်အဖြူရောင်lilyပန်းလေးတွေစိုက်ထားသောပန်းအိုးလေးကိုလည်းရေလောင်းရ၏။

အိမ်မှာမရှိတဲ့တစ်ပတ်လုံးမှာသေချာလေးလှလှပပပွင့်နေပါဦးလို့လည်းတစ်ဖွဖွမှာနေသေးသည်။ရောင်နီကိုယ်တိုင်ပျိုးထားသည့်ပန်းပင်လေးတွေသည်ရောင်နီ့ရဲ့မြတ်နိုးရာလေးတွေဟုပြောလည်းမမှားပေ။

အေးချမ်းခြင်း၏ ပြယုဂ်Where stories live. Discover now