အပိုင်း (၄)

9.4K 60 1
                                    

"မကြောက်ပါနဲ့ အကို့ရဲ့ ညီလေးက ချစ်ဖို့ကောင်းသလို စားလို့လဲ သိပ်ကောင်းတာ ဟား ဟား "
ပြောကာ ရယ်တဲ့ ဗလကို ကိုရှိိုင် မျက်စောင်းထိုး၍ ဗလရဲ့ လက်မောင်းကိုလက်သီးနဲ့ ထိုးလိုက်သည် ။
"မင်းကို လိုမလာဖို့ပြောထားတာကို ငါလိုးမ "
"ဟားဟား မင်းဖန်သွားပုံက ကျွတ်ဆင်ကြီးဆိုတော့ ငါလဲ အတော်အံဩသွားတာနဲ့ လိုက်ချောင်းမိသွားတာ မင်းတော်တော် စွံတာပဲ ငါ့ကိုနည်းလမ်းလေးပေးအုံး "
"ဟင်း မင်းလိုက်မချောင်းရင် ပေးမလို့ဟာ မင်းလိုက်ချောင်းလို့ မပေးနိုင်တော့ဘူး "
"ဟာ အဲလိုမလုပ်ပါနဲ့ ငါလဲ အစပိုင်လေးပဲ ချောင်းတာပါ နောက်ပိုင်းကျ ဘာမှမမြင်ရဘူး တကယ်အတည်ပြောတာ လုပ်ပါ ငါလဲ အဲလိုဖန်ကြည့်ချင်လို့ "
"ဟျောင့် မင်းပြောတော့ မင်းက မိန်းကလေးတွေပဲ ကြိုက်တာဆို "
"ဟာ အဲဒါကတော့ ငါလဲပြောင်းလဲနိုင်တာပဲဟာကို "
"ဟင်း မပြောလိုက်ချင်ဘူး "
ဗလကို မကျေနပ်နေဟန်ဖြင့်ပြောကာ မျက်စောင်း ထိုးလိုက်သည် ။ ထိုစဥ် အခန်းတွင်းသို့ မြတ်မင်းဝင်လာတော့ သူတို့စကားစ ပြတ်သွားသည် ။
သူဝင်လာမှပြောနေတဲ့စကားရပ်သွားတော့ မြတ်မင်း သူတို့ကိုတောင် သံသယ ဝင်မိသွားသေးသည် ။ထို့ကြောင့်...
"မင်းတို့ ငါ့အကြောင်းဘာပြောနေကြတာလဲ "
"အံမယ် ငါတို့ကမင်းအကြောင်းဘာကိစ္စပြောရမှာလဲ "
မြတ်မင်းမေးတော့ ကိုရှိုင်းက ဖြေသည် ။
"မင်းတို့ ငါမလာခင်ကျစကားတွေဖောင်ဖွဲ့အောင်ပြောနေကြပြီး ငါဝင်လာမှ ရပ်သွားကြလို့လေ "
"ဪ ငါ့ညီရာ အကိုတို့ပြောနေတာ မင်းကိုမကြားစေချင်လို့ပေါ့ ပြောရရင် အောင်ထွန်းလိုမျိုး မင်းလဲမကြိုက်မှာစိုးလို့လေ "
"ဟင် ဘာကိစ္စမို့လဲ "
"ဒီလိုကွာ "
"ဟေး ကိုရှိုင်းတော်တော့ "
မြတ်မင်းမေးတာကို ကိုရှိုင်းကအတိုင်အဖောက်ညီညီ ပြန်ဖြေနေတော့ ဗလက တားသည် ။ သို့ပေမဲ့ ကိုရှိုင်းက ပွင့်လင်းတဲ့သူဖြစ်တာကြောင့် မြတ်မင်းကိုဖြေသည် ။
"ငါ့ညီ မြတ်မင်း ငါက လိင်တူ စိတ်ဝင်စားတဲ့သူ ရှင်းရှင်းပြောရရင် Gay ကွာ မင်းနားလည်မလားတော့မသိဘူး "
ကိုရှိုင်းစကားကြောင့် မြတ်မင်း အံ့ဩကာ ပြုံးမိသွားသည် ။
"ငါမနေ့က ဘဲလေးတစ်ပွေကိုဖန်ပြီး စားလာတာလေ အဲဒါ ဒီကောင်က ဘယ်လိုဖန်လဲဆိုတာ သူ့ကိုသင်ပေးဖို့ပြောနေတာ အဲဒါ ငါက ငါတို့ကို လိုက်ချောင်းလို့ မသင်ပေးနိုင်ဘူးဆိုပြီး သူ့ကိုပြောနေတာ "
"ဪ အဟင်း "
"ကိုရှိုင်းရာ "
အစအဆုံး သေချာရှင်းပြနေတဲ့ ကိုရှိုင်းစကားအဆုံးမှာ ဗလကိုကြည့်ပြီး မြတ်မင်းရယ်တော့ ဗလရှက်သွားပြီး ကိုရှိုင်းကို မျက်စောင်းထိုးလိုက်သည် ။
"ဒါနဲ့ အောင်ထွန်းမကြိုက်ဘူးဆိုတာကရော "
"အဲဒါက ဒီလိုကွ "
ဆိုပြီး တံခါကနေ အောင်ထွန်းလာမလာကြည့်ရင်း မြတ်မင်းအနားသို့ ကပ်ကာ ကိုရှိုင်းပြောသည် ။
"အောင်ထွန်းက အဲဒါကို လက်မခံဘူး "
"ဘယ်အဲဒါလဲ "
"ယောကျာ်းချင်း လုပ်တဲ့ကိစ္စကိုကွာ "
"ဪ အင်း "
"အောင်ထွန်းရဲ့ အဖေက နောက်အိမ်ထောင်ထပ်ပြုထားတာ နောက်အိမ်ထောင်က ယောကျာ်းလေးလေ အဲဒါနဲ့ သူက အဲဒီကိစ္စဆို လုံးဝမှ ဆတ်ဆတ်ထိမခံ ဖြစ်နေတာကြောင့်လေ သူ့ရှေ့ဆို ဆင်ခြင်ရတယ် "
"ဪ အဲလိုလား "
ဒါကြောင့် တနေ့က သူအဖေလာတော့ သူမေးတာကို အောင်ထွန်းမကျေမနပ်ဖြစ်သွားတာပဲ လို့ မြတ်မင်း တွေးလိုက်မိသည် ။
"ဒါနဲ့ မင်းကရော အဲဒါကို လက်ခံနိုင်လား ဒါမှမဟုတ် မင်းလဲ အဲဒါပဲလား "
မေးလာသူက ဗလ ။ မြတ်မင်းရဲ့အဖြေကို စိတ်ဝင်တစား စောင့်ကာ နားထောင်နေသူက ကိုရှိုင်း ။
မြတ်မင်း ကံကြမ္မာကို တကယ်ပဲ မယုံနိုင်အောင်ဖြစ်မိသည် ။ သူ့အတွက်လဲ ဒီကိစ္စက မရှင်းမလင်းဖြစ်နေသေးသည့်အပေါ် တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့ လုပ်နေတာ ။
ဒါပေမဲ့ ကံတရားက သူနဲ့တူတဲ့ လူသားတွေကို တခန်းထဲကို ဖန်ဆင်းပေးလိုက်တယ်လေ ။ ဆိုတော့ ပျော်ဖို့ကောင်းတယ်ဆိုရမလား ။ သေချာတာကတော့ မြတ်မင်း ကျေနပ်မိသည် ။
"ကျွန်တော်.... "
"......."
"ကျွန်တော်ကတော့ မပြောတတ်ဘူး အခုချိန်ထိ ဘာအတွေ့အကြုံမှတော့ မရှိသေးဘူး ဒါပေမဲ့ Love is Love ပါ ကျွန်တော် အားလုံးကို လက်ခံနိုင်ပါတယ် "
"အင်း မင်းအဖြေကလဲ မတင်မကျနဲ့ မင်းငါတို့အဖွဲ့ထဲရောက်ရင် ငါတို့ သုံးယောက် တဖွဲ့လုပ်ရအောင်လို့ပြောမလို့ဟာကို "
"ဟမ် ကိုရှိုင်း သရီးဆမ်း "
"ငါလိုးမ ဗလ မင်းဖင်တော့ ငါမလိုးဘူး ငါပြောတဲ့တဖွဲ့ဆိုတာ စိတ်တူကိုယ်တူအချင်းဆိုတော့ တိုင်ပင်လို့ရတာပေါ့ အဲဒါကြောင့်ပြောတာ "
"ဪ "
"ဟင်း မင်းကတော့ အမြဲတမ်းပဲ မင်းငါ့ကိုကြိတ်ကြိုက်နေတာတော့မဟုတ်ပါဘူးနော် "
"ဟာ ရူးနေလို့လား ငါကြိုက်တာက နုနုရွရွ ကလေးလေးတွေကို မင်းကြိုက်ရင် ငါသေမှာပေါ့ "
"ဟားဟား ပြီးတာပဲ ကဲ ငါ့ညီ မင်းစိတ် သေချာရင် ငါ့ကိုပြောနော် ငါတို့သုံးယောက် တဖွဲ့ ဖွဲ့ကြမယ် ဟိုကောင်ပြောသလို သရီးဆမ်းတော့ မဟုတ်ဘူးနော် ဟား ဟား"
"ဟားဟား "
"ဟင်းဟင်း"
အခန်းထဲမှာ ရယ်မောသံတွေ လွင်ပျံလို့လာသည် ။
မြတ်မင်းလဲ အလျဥ်းသင့်ရင် သူ့အကြောင်းကိုပြောပြဖို့ စိတ်ထဲမှ ဆုံးဖြတ်ထားလိုက်သည် ။

အဆောင်နေ ကျောင်းသားများ🔞🔞🔞  အဆောင်နေ ကျောင်းသားများ(U+Z)Where stories live. Discover now