part-12 warning ⚠️

2.9K 249 13
                                    

အချိန်ကမှောင်စပျိုးချိန်လေးဖြစ်တယ်။ အိမ်ထဲမှာ ဖယောင်းတိုင်မီးပြပြလေးကိုထွန်းထားပြီး ရှောင်းကျန့်က ပြတင်းပေါက်ကနေလမင်းကြီးကိုငေးကြည့်နေတယ်။ ရိပေါ်ကတော့ ဖဲကြိုးတွေနဲ့အလုပ်ရှုပ်နေတယ်။ ရှောင်းကျန့်ကအပြင်ကိုငေးရင်း ရိပေါ်ကိုလှည့်မကြည့်ပဲပျင်းတွဲတွဲမေးလိုက်တယ်။

"မင်းဘာလုပ်နေတာလဲ။"

"သခင်လေးအတွက်ဖဲကြိုးလေးတွေလုပ်နေတာ။ "

"ငါမကြိုက်ဘူး။လုပ်မနေနဲ့ "

"ခနလေးပါ။ ဖဲကြိုးအနီလေးနဲ့ဆိုသခင်လေးကသိပ်လိုက်မှာ။"

ရှောင်းကျန့်လှည့်ပြီးမျက်စောင်းထိုးလိုက်တယ်။ တစ်ကယ်ပဲ သူ့ထက်ဖဲကြိုးကိုပိုစိတ်ဝင်စားနေတာပဲ။

"ငါဆံပင်ချည်ရတာမကြိုက်ဘူး။ အဲ့ဖဲကြိုးတွေလည်း မကြိုက်ဘူးလို့။"

ရှောင်းကျန့်ခေါင်းမှာစည်းထားတာတွေကိုဖြေချပစ်တော့ ရိပေါ်ကပြုံးတယ်။

"ဒီအတိုင်းလည်း သခင်လေးကလှတယ်။ ဒါပေမယ့်သူများတွေကပြောလိမ့်မယ်။ ကိုယ့်ဇနီးကိုခေါင်းစည်းလေးတောင်ဆင်မပေးနိုင်ဘူးလားဆိုပြီးလေ။ နောက်တော့ တန်ဖိုးရှိတဲ့ဆံထိုးလေး ဝယ်ပေးပါမယ်။"

ရိပေါ်က ဖဲကြိုးလေးကို လက်စသတ်ကာ သိမ်းလိုက်တယ်။ ထိုအခါရှောင်းကျန့်ကသူ့အနားကပ်လာပြီး ရင်ဘက်ကိုလက်ညိုးလေးနဲ့လာတို့တယ်။

"လောင်ကုန်း"

ရိပေါ်တစ်ကိုယ်လုံး ကြက်သီးလေးတွေတဖျန်းဖျန်းထသွားပြီးရှောင်းကျန့်ကိုကြည့်လိုက်တော့ ရှောင်းကျန့်မျက်ဝန်းလေးကစိုစွတ်တောက်ပနေတယ်။

"သ သခင်လေး။"

"ငါကမင်းရဲ့ ဇနီးလုပ်မယ်ဆိုမှ ဘယ်လိုခေါ်နေတာလဲ။"

ရိပေါ် တံတွေးတစ်ချက်မျိုချလိုက်တယ်။ သခင်လေးက သူ့ပေါင်ပေါ်ထိ တတ်ထိုင်တော့မလိုအနေထားဖြစ်နေပြီး သူ့ပုခုံးတွေကိုကိုင်လာတယ်။

"ငါတို့ လင်မယားဖြစ်သွားပြီဆိုတော့ ကလေးယူရအောင်။"

ရိပေါ် မျက်လုံးလေး အပေါ်ကိုတစ်ချက်ဝေ့သွားပြီး ခြောက်သွေ့နေတဲ့နှုတ်ခမ်းပါးက တုန်ယင်လာတယ်။

My Adorer ( Completed )Where stories live. Discover now