Part-11

2.5K 228 11
                                    

ရှောင်းကျန့်ရဲ့အကြောင်းတွေက ရွာထဲမှာ နှစ်သက်စရာမကောင်းတဲ့ပုံစံမျိုးပြောကြတယ်။ သူနဲ့စကားများတဲ့သူတွေကအများဆုံးအမျိုးသမီးတွေဖြစ်နေတယ်။လူမှုရေးမရတဲ့သူ၊ယောက်ျား‌အပေါ်အနိုင်ယူတဲ့လူလို့လည်းအပြောခံရတယ်။

"တောက်! ဒီရွာကလူတွေ တစ်နေ့တစ်နေ့ နားချိန်မရှိအောင်အလုပ်လုပ်ကြရလို့သာပဲ။သူများအကြောင်းအရမ်းစပ်စုတာပဲ။"

ဝမ်ပါးက မနက်စော‌စော ပွစိပွစိလုပ်နေတယယ်။

"ဒကာကြီး။"

"ဟင် ဆ ဆရာတော်"

သူရေရွတ်နေစဉ်မှာပဲ ရွာထဲဘုံကျောင်းက ဆရာတော်ကြီးကြွလာတယ်။

"ဆရာတော်ဘုရား...ကြွပါ။"

ဆရာတော်က အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်လိုက်တယ်။

"ဒကာကြီးရဲ့အိမ်ကို ကြွလာရတဲ့အကြောင်းက ရွာထဲကပြောစကားတစ်ချို့ကြောင့်ပါ။ ဒီရွာမှာ ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ် ကိုယ်တော်ကထိန်းကျောင်းလမ်းပြဖို့တာဝန်ရှိတယ်မဟုတ်လား။"

"ဆရာတော်ကြားခဲ့ရတဲ့အကြောင်းတွေကဘာများပါလဲဘုရား။ ကျွန်တော်တို့ကတော့အဆင်ပြေပါတယ်။"

"ဒကာမလေး ရှောင်းကိုခေါ်ပေးလို့ရမလား။"

ဝမ်ပါး အကြံအိုက်သွားတယ်။ ရွာထဲကလူတွေ ဘယ်သူချွန်‌တွန်းလုပ်လိုက်ပြန်ပြီလဲ။ ရိပေါ် နဲ့ရှောင်းကျန့် လည်း ဆရာတော်ကြွလာတာကိုအထဲကကြည့်နေတယ်။ ရိပေါ်က ရှောင်းကျန့်ကိုကြည့်ပြီး အရမ်းအားနာနေတယ်။ ပြီးတော့ သူတို့ရွာကဒီဆရာတော်ကိုယုံကြည်လေးစား ကိုးကွယ်ကြတာ။ ရှောင်းကျန့်သာ ဆရာတော်နဲ့ ကမောက်ကမတွေဖြစ်ရင် မလွယ်ဘူး။ တစ်ရွာလုံးကရိုက်ထုတ်မှာ။

"သခင်လေး ကျွန်တော်ပဲသွားလိုက်ပါမယ်။"

"ငါ့ကိုခေါ်နေတာကို မင်းကဘာလို့သွားမှာလဲ။"

ရှောင်းကျန့်က ဘောက်ဆက်‌ဆက်ပြောပြီးဆင်းသွားတယ်။ ပြီးတော့ဆရာတော်ကို အရိုသေပေးလိုက်တယ်။

"ဒကာမလေး ကိုကိုယ်တော်မိန့်စရာရှိလို့ကြွလာတာပါ။"

"ကျွန်တော်မျိုး နာခံလျှက်ပါ။"

My Adorer ( Completed )Where stories live. Discover now