အပိုင်း(1)

6.3K 172 18
                                    

" တောက်... တစ်ယောက်မှအသုံးမကျဘူး မိုရာရော မိုရာကိူလွှတ်လိုက်''

"ဟုတ် သခင်လေး ''

အစေခံမလေးကခပ်ကုပ်ကုပ်ထွက်သွားမှ အီရန်တစ်ယောက် ထိုင်ခုံမှာ ထိုင်လိုက်သည်။ ဒီနေ့ မိုးလင်းအဝတ်စလဲထဲက အဆင်ကိုမပြေပေ။.ခါတိုင်းမိုရာ လုပ်ပေးနေကျဆိုပေမဲ့ မိုရာက အမေခေါ်ခိုင်းထားလို့ဆိုပြီး မနက် အီရန် မနိူးခင်ထဲက ထွက်သွားသည်။အမေ့ကိုလဲ ပြောထားမှ ရန်ရန့် ကိစ္စ မပြီးပဲ မခေါ်ခိုင်းနဲ့လို့ ခုတော့ ကြည့် အစေခံတွေတစ်ယောက်မှ အသုံးမကျတော့ ရန်ရန်ပဲ ဒေါသထွက်ရတယ်။

"သခင်လေး ရာရာ သခင်လေး ရာရာ ''

"ဝေ ငါဒီဘက်မှာ ဘာဖြစ်လို့လဲ''

"ဟို..သခင်လေးက.လာခဲ့ပါတဲ့''

"သြော်.... ဟုတ်သားပဲ ရန်လေး နိုးနေပြီလား ''

"ဟု နိုးတာကြာပြီ ခုလဲ ပြသနာ ရှာနေတယ်''

"ဘာလဲ အဝတ်ကိစ္စပဲလား''

"အမလေး သခင်လေးက အကုန်သိနေတာပဲ ဟုတ်တယ် ဒီအစေခံ လဲသူခိုင်းတဲ့အတိုင်း လုပ်ပေးတာပဲ ဒါပေမဲ့သူကိုက စိတ်တိုင်း မကျတာ အလကားသက်သက်မဲ့ သခင်လေးကို ဒုက္ခပေးချင်နေတာ''

"တိုးတိူးပြော ကြားသွားမှ ခေါင်းပြုတ်ချင်နေတာလား''

"ကဲပါ.နင်တို့နှစ်ယောက် ဒီအသားကင်တာ ဆက်ကြည့်ထား လိုက် ငါသွားလိုက်မယ် ဟုပြီလား''

"ဟုကဲ့ သခင်လေး ''

"သခင်လေးက သနားပါတယ်နော် သူက ပထမဆုံး သားဖြစ်ပြီး အမြဲ သားအငယ်ရဲ့ ခိုင်းဖက်လို့ဖြစ်နေတာ သခင်မကြီးကလဲ ဘာမှမတတ်နိုင်ဘူး''

"ဟုတ်ပါ့ဟယ် သခင်လေးက ဒီလောက် ချောတာ ဘာဖြစ်လို့လဲ မသိဘူးလား''

"ဟဲ့ငါ နင့်ကိုပြောပြမယ် ပြန်မပြောနဲ့နော်''

"အေးပါ ပြောစရာရှိတာပြော''

"သခင်လေးက လေ ကလေးမမွေးနိုင်ဘူးပြောတာပဲ''

"ဟေ!..''

"ဟဲ့...တိုးတိုးပြော''

"တကယ် လား ဒွိလိင်တစ်ယောက်က ကလေးမမွေးနိုင်ဘူး ဆိုတာဆိုးရွားတာပဲ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now