Chapter - 21.2 [Uni+Zawgyi]

367 62 1
                                    

သဲကန္တာရထဲမှာ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်တဲ့ အကြောင်းအရင်းကတော့ လဲ့ယိုယွမ်ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။

သူ့ကိုယ်သူစိတ်အပန်ဖြေစေဖို့အတွက် ဒီ app တီထွင်ဖို့အတွက် သူသည် အခြေစိုက်စခန်းထဲတွင် အရည်အချင်းရှိသူများကို လိုက်လံစုဆောင်းခဲ့သည်။

ယခုကျောက်မြောင်မြောင် သုံးနေတဲ့ အချက်ပြပို့တဲ့ကိရိယာဆိုရင် လဲ့ယိုယွမ်တို့အဖွဲ့ တီထွင်ထားတာပဲဖြစ်သည်။ မြေပင်ပေါ်ထိုးစိုက်လိုက်ရုံဖြင့် အချက်ပြပြီး ဂြိုဟ်ထုနှင့်ချိတ်ဆက်နိုင်သည်။

__အချိန်မရွေး‌ နေရာမရွေး မည်သူမဆိုသုံးနိုင်သည်။ သင်၏ပြဿနာမျိုးစုံကို ဖြေရှင်းပေးမယ့် Universal Signal device ။

ဒါဟာ လဲ့ယိုယွမ် ကိုယ်တိုင်ရေးထားတဲ့ ကြော်ငြာဆောင်ပုဒ်ပါ။

ယင်မင်ကျန်းနှင့် အင်းဆက်များအကြား တရားမဝင်ဆက်ဆံရေးရှိနေသယောင် သူဖန်တီးပြီးဖြစ်သဖြင့် ကျောက်မြောင်မြောင်သည် ထိုကိရိယာအား အစောကတည်းက မြေကြီးထဲထိုးသိုက်ပြီးသားပါ။

အင်တာနက်၏ အမြန်နှုန်းသည် လေထက်ပင်ပိုမိုမြန်ဆန်ပါသည်။

ရှီချင်းပျောက်နေသဖြင့် အခြေစိုက်စခန်းတစ်ခုလုံး အရူးအမူးလိုက်ရှာနေသော လဲ့ယိုယွမ်မှာ ရုတ်တရက်နှာချေသွားခဲ့သည်။

" သွားပြီ။ သူက‌ကျန်းမာရေးအရမ်းကောင်းလွန်းပြီး တစ်ခါမျှပင် နှာချေတတ်သည့်လူစားမျိုးမဟုတ်ပေ။ အခုရုတ်တရက်နှာချေတယ်ဆိုတာ ရှီချင်းဒုက္ခရောက်နေပြီး ငါ့ကိုလာကယ်ပေးစေချင်လို့ နှာချေ‌သွားတာပဲဖြစ်ရမယ်။ "

"လဲ့ကော !!!!"

သူတိုးတိုး တိုးတိုး ပြောနေချိန် သူ့လက်အောက်ရှိကောင်လေးက ဖုန်းကိုင်ကာ ပြေးလာလေသည်။ " ဒါကိုကြည့်ပါဦး! "

" ဘာလဲ? "

လဲ့ယိုယွမ် ဖုန်းကိုယူကာကြည့်လိုက်သည်။ " တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမလား? ငါ့အချစ်လေးရှီချင်း ပျောက်နေတာကို မင်းကင့ါကို အဲ့စောက် live ကိုလာကြည့်ခိုင်းနေတာလား!!! "

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now