Chapter - 17.1 [Uni+Zawgyi]

414 69 1
                                    

အခြေစိုက်စခန်းတွင်ရှိသော ပုဂ္ဂိုလ်များသည် တစ်စုံတစ်ခု မမှန်သည်ကို စတင်ခံစားရလာလေသည်။

ယခင်က အင်းဆက်များနှင့် တိုက်ခိုက်ရန်သာ အာရုံစိုက်ခဲ့သော ယင်မင်ကျန်းသည် အခြေစိုက်စခန်း၏ အရေးကိစ္စများတွင် စတင်ကာ ပိုမိုပါဝင်လာခဲ့သည်။

သူ့ကို တားဆီးဖို့ ဘယ်သူမှ အကြောင်းပြချက်ရေရေရာရာ မပေးနိုင်ခဲ့ကြပေ။

နောက်ဆုံးတွင်တော့ သူသည် အခြေစိုက်စခန်းတွင် သြဇာအရှိဆုံးလူများထဲမှ တစ်ဦးဖြစ်သင့်သော ဗိုလ်ချုပ်ပင်ဖြစ်သည်။

ယင်မင်ကျန်း ဆန္ဒရှိသရွေ့ သူ့လုပ်ပိုင်ခွင့်သည် မည်သည့်ပရောဂျက်တွင်မဆို ပါဝင်ရန် လုံလောက်သည်။

အရင်က အပြင်ထွက်ဖို့ကိုပဲ စိတ်ဝင်စားခဲ့တာဆိုတော့ ဒီအရာတွေမှာပါဝင်ဖို့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့မိရုံပါ။

ယခုအခါတွင် ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာအတွက် မည်သည့်အခါမျှ တိုက်ပွဲမဝင်ခဲ့ဖူးသော လူသားသူရဲကောင်းသည် အခြေစိုက်စခန်းတွင် သူ့ကိုယ်တိုင် ပါဝင်လာခဲ့သည်။

အခြေစိုက်စခန်း၏ အထက်ပိုင်းရာထူးအဆင့်များသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ဖြောင့်မတ်သောသူများသည် ယင်မင်ကျန်းအား ကြိုဆိုကြသည်။

မရိုးသားသော သို့မဟုတ် အပြစ်ရှိသူများသည် ကြောက်ရွံ့လို့သာနေခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလများသည် အခြေစိုက်စခန်း၌ ပျံ့နှံ့လာခဲ့သည်။

ယင်မင်ကျန်းက လူတွေကို ဘယ်လိုအနိုင်ကျင့်တယ်၊ ယင်မင်ကျန်းက အကြောင်းပြချက်ကောင်းကောင်းမှမရှိပဲ အရပ်သားတွေကို စတေးခဲ့တယ်၊ ယင်မင်ကျန်းက ဇိမ်ခံပစ္စည်းကို လွန်လွန်ကဲကဲ သုံးစွဲတယ် ထိုကဲ့သို့သော ကောလဟာလများပေါ့

အစပိုင်းမှာတော့ ဒီကောလဟာလတွေဟာ တိတ်တဆိတ်သာ ပျံ့နှံ့နေခဲ့ပြီး လူအများစုက ထိုဟာတွေကို ယုံဖို့ငြင်းဆန်ကြတယ်။ ယင်မင်ကျန်းသာမရှိရင် သူတို့အားလုံး မကြာခင် သေသွားမယ်ဆိုတာ လူတိုင်းသိကြပါတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now