Chapter - 11.2 [Uni+Zawgyi]

682 128 4
                                    

ယင်မင်ကျန်းက သူ့အားအပြင်ထွက်ကစားတဲ့အခါ သတိထားဖို့ သတိပေးချင်တာပါ။ အပြင်ဘက်တွင်တော့ ထိုထိပ်တန်းကြေးဝါအဖွဲ့က သူပြန်လာတဲ့အခါ ပျော်နေပုံလုပ်ပြပေမဲ့ အတွင်းထဲမှာတော့ ပွက်ပွက်ညံနေခဲ့သည်။ ရှီချင်းသည် သူနှင့်အတူ ပြန်လာခဲ့သူဖြစ်သောကြောင့် သူ့အားသဘာဝကျကျပင် စောင့်ကြည့်နေကြသော မျက်လုံးများစွာရှိနေသည်။ အခြားသူများကို သူ့အားအခွင့်ကောင်းမယူစေရန် မိမိပတ်ဝန်းကျင်ကို သတိထားရန် အရေးကြီးသည်။

သို့သော် ထိုလူငယ်လေးသည် သူ၏ပျော်ရွှင်နေသောမျက်လုံးလေးများဖြင့် သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသောအခါ ယင်မင်ကျန်းပြောတော့မည့် ထိုစကားများပျောက်ရှသွားကုန်၏။

ရှီချင်းမှာ မူလကတည်းက သူ့ကို ကာကွယ်ရန် စက်ရုပ်ဘီလီယံပေါင်းများစွာဖြင့် သင်္ဘောပေါ်တွင် ကောင်းမွန်စွာနေခဲ့သည်။

သို့သော် သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ရှီချင်းသည် အခြေစိုက်စခန်းသို့ လာရန်လှည့်စားခံခဲ့ရသည်။ ငနုံငအလေးရှီချင်းက သူ့စက်ရုပ်ကိုယ်ရံတော်များကို မခေါ်ဘူးလို့ပြောသည်ကိုပင် သူကမတုန်မလှုပ်ခွင့်‌ပြုပေးခဲ့သည်။

သူတို့ရဲ့ မကျေနပ်ချက်တွေက သူစီမှာပဲရှိနေခဲ့တာကို ရှီချင်းလို ဘေးလူကို ဘာလို့ ဆွဲထည့်ချင်နေကြတာလဲ။

ယင်မင်ကျန်း သူ့ပါးစပ်ထဲက စကားလုံးတွေကို ပြန်မျိုချလိုက်သည်။ သူသည် လူငယ်လေးအား သဘောကျစွာ ပြုံးပြလိုက်ပြီး "မင်းအပြင်ထွက်ကစားတဲ့အခါ အသင်းသားအချို့ကို ခေါ်သွားဖို့ သတိရနော်။ တစ်ချို့က မင်းနဲ့ အသက်အရွယ်တူ ဆိုတော့ အပန်းဖြေဖို့ အခွင့်အရေးကောင်းပဲ။"

"ကောင်းပြီ!"

ရှီချင်းသည် ချက်ချင်းပင် သဘောတူလိုက်တယ်။ ယင်မင်ကျန်း အိပ်ရာပြင်နေတာကို သူတွေ့တာကြောင့် အနောက်ကနေ ခုန်အုပ်လိုက်လေတယ်။ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ ယင်မင်ကျန်းမှာ တန်ပေါင်းများစွာသော အလေးချိန်ဖြင့် အဖိခံရသဖြင့် သေလုနီးပါးပါပဲ။

ယင်မင်ကျန်း၏ အမြင်အာရုံသည် မည်းမှောင်နေခြင်းမှ ပြန်လည်ပြန်မမြင်ရသေးခင် လူငယ်လေး၏ တိုက်တွန်းသံလေးက သူ့နားဘေးမှထွက်ပေါ်လာခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now