Chapter 22

3.6K 152 53
                                    

ရိပ် သတိပြန်ရလာမှာအား ထိုင်စောင့်နေသည့် တေဇတစ်ယောက် ထိုင်မရ ထမရ အကြိမ်ကြိမ်ဖြစ်နေ၏။ သူ့ကလေးလေးတွေများ ဖြစ်နေမလားဟု အတွေးရောက်ရောက်သွားတာမို့ သူ ရိပ်၏ဗိုက်ကလေးကို လက်ချောင်းတွေနှင့် ငြင်သာစွာ ထိတွေ့နေမိသည်။

တစ်ညကုန်လွန်သွားသည့်အထိ ရိပ် သတိရမလာချိန်၌မူ သူ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ရိပ်ကို ကြည့်ပေးသွားသည့် ဆရာ့ဆီ ထွက်လာပြီး ရိပ်၏အခြေအနေ အသေးစိတ်ကို မေးမြန်းကြည့်လျက်ရှိသည်။

တေဇ ဆရာ့အခန်းထဲမှ ခေါင်းငိုက်စိုက်ကျရင်း ထွက်လာခဲ့၏။ ဆရာက ရိပ်အား ကလေးမမွေးခိုင်းဖို့ သတိပေးနေခဲ့သည်။ ရိပ်၏ စိတ်ကျန်းမာရေး အခြေအနေသာမက ခန္ဓာကိုယ်ကျန်းမာရေးကပါ ကလေးလေးတွေကို မွေးထုတ်ဖို့ မသင့်တော်သည့် ခန္ဓာကိုယ်ဖြစ်နေသည်ဟု ဆိုသည်။ ကလေးယူဖို့ကို အချိန်ယူသင့်သည်ဟုသာ ရှင်းပြသည်။ မဟုတ်လျှင်တော့ ရိပ်ကို လက်လွှတ်ဖို့ စိတ်ပြင်ဆင်ထားဖို့သာ ပြောလာခဲ့လေ၏။

သူ ရိပ်နား ပြန်ရောက်လာချိန်၌ ရိပ် လှုပ်ရှားလာ၏။

"နိုးပြီလား"

ရိပ် သူ့ဗိုက်ကို လက်ဖြင့် အရင်ဆုံး ကိုင်လိုက်ပြီးမှ မျက်လုံးတွေ ဖွင့်လိုက်မိ၏။

"ကလေး ဘာမှမဖြစ်ဘူးမလား"

ရိပ် သူ့ဗိုက်ထဲက ကလေးလေး တစ်ခုခုဖြစ်မှာကို အလွန်စိုးရိမ်သွားမိသည်။

"အဲ့အမွှာလေးတွေက ကိုယ်နဲ့ရထားတဲ့ ကလေး‌တွေလား"

ရိပ် အံ့ဩသွားကာ အလွန်လည်း ပျော်ရွှင်သွားသည်။ သူ့ဗိုက်ထဲ၌ ဘာလေးရှိနေခဲ့လဲ သူ ထပ်မစစ်ဆေးရသေးတာမို့ အခုမှ အမွှာလေးတွေမှန်း သိလိုက်ရ၏။

ရိပ် ပြုံးရွှင်စွာဖြင့် သူ့ဗိုက်ကို ထိတွေ့‌နေပြီး-

"စိတ်မပူနဲ့၊ ခင်ဗျားနဲ့ရတဲ့ကလေးတွေ ဖြစ်နေရင်တောင် ခင်ဗျားကို တာဝန်ယူခိုင်းနေမှာမဟုတ်လို့ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်‌ပျော်ရွှင်ရွှင်ဆက်နေ၊ အခုလည်း ပြန်တော့"

တေဇ လှိုက်ခနဲ ပျော်ရွှင်သွားသည်။ နေဆက်ပိုင်ထံ၌ ကလေးလေးရှိနေတာကို သိရချိန်ကနှင့် မတူစွာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးတပြုံးပြုံးဖြစ်သွားမိသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now