Chapter 5

3.8K 172 37
                                    

ပုပ္ပားတောင်ကလပ်၏ ရင်ပြင်ပေါ်၌ တောင်အောက်ကို ငြိမ်သက်စွာ ရပ်ငေးနေသော တေဇ၏ နောက်ကျောနားသို့ နှောင်ကြိုးရိပ် တိုးတိတ်စွာ ထလျှောက်လာသည်။

ထိုအမျိုးသား၏‌ကျောပြင်နားသို့ ကပ်လာမိလေလေ သူ ဝမ်းနည်းလာလေလေ။

ရိပ် တေဇအား ခါးနောက်မှနေ သိုင်းဖက်လိုက်ကာ တေဇ၏ကျောပေါ်သို့ သူ့ခေါင်းမှီချထားလိုက်မိ၏။

ထိုအပြုအမူကိုခံလိုက်ရသည့် တေဇတစ်ယောက် သူ့နောက်သို့ ဖျတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်ပြီး အံ့ဩစွာ၊ ဒေါသထွက်စွာ သူ့ခါးပေါ်က ရိပ်၏လက်ကို ဆွဲဖြုတ်ပစ်လိုက်သည်။

သို့သော်ငြား ထိုကောင်လေးက နူးညံ့သည်ဟု ထင်ရသည့် သူ့ပုံပန်းသွင်ပြင်ထက်ပင် ပိုအားသန်နေတာမို့ ဖြုတ်မရသည့်လက်များအား သူ ကြမ်းတမ်းစွာ စောင့်ဖြုတ်ဖို့ လုပ်လိုက်ချိန်၌ သူ့အား တစ်ချိန်လုံး ရန်စောင်နေသော ရိပ်ထံမှ ခပ်တိုးတိုး အသံထွက်လာသည်။

"မရုန်းပါနဲ့၊ ခင်ဗျားကို ကျွန်တော် ဒီအတိုင်းလေး ခဏဖက်ထားချင်လို့ပါ၊ ငါးမိနစ်လောက်ပါပဲ"

ထိုကောင်လေးလက်ကို ဆွဲဖြုတ်နေသည့် တေဇ၏လက်များ ငြိမ်သက်သွားကာ သူ အခုအခြေအနေကို အလိုမကျဖြစ်လျက်ရှိသည်။ သူသာလျှင် အလှလေးများကို အသားယူတတ်သူ ဖြစ်ခဲ့သော်ငြား အခုကျ သူကချည်း ဒီကောင်လေး၏ အထိခံ၊ အပွတ်ခံ၊ အနမ်းခံ၊ အဖက်ခံနေရလေသည်။

ရိပ် ထိုအမျိုးသား၏ကျောနောက်ကို ခေါင်းဖြင့်ပွတ်သပ်နေ၏။ ထို့နောက် တေဇ၏ လည်ဂုတ်ကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်၏။ ထိုအရာတွေနဲ့တင် မကျေနပ်နိုင်သေးသည့်အလား သူ တေဇ၏ ရှပ်အောက်ထဲ လက်လျှိုဝင်လိုက်ချိန် တေဇဓိရာဇ် ရိပ်ကို အားကုန်သုံးပြီး တွန်းထုတ်ပစ်လိုက်မိတော့သည်။

"ရင်ပြင်ပေါ်မှာကို ဘာလုပ်နေတာလဲ၊ မင်း ကိုယ့်အဆင့်အတန်းကိုယ်သိနော်"

တေဇ ရိပ်နှင့် မျက်နှာချင်းဆိုင်လိုက်ချိန်၌ ထိုကောင်လေး၏ ဝမ်းနည်းနေသည့်မျက်နှာကို သေချာမြင်လိုက်ရစဉ် သူ စိတ်မကောင်းဖြစ်သွားသလိုပင်။ ထို့ကြောင့်လားမသိ၊ ရိပ် ကျောခိုင်းသွားတော့မည့်အချိန်၌ သူ ထိုကောင်လေး၏လက်ကို ဖမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲသွင်းကာ ထွေးဖက်ထားလိုက်မိတော့၏။ ရိပ်ကလည်း သူ့ခါးကို တင်းကျပ်စွာ ပြန်သိုင်းဖက်လာသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now