Chapter 20

3.5K 152 35
                                    

ဦးရာဇဓိရာဇ် အုပ်ချုပ်သည့် ဒီစံအိမ်ကြီးထဲ၌ မြေတိုက်ခန်းတစ်ခုရှိသည်။ ထိုနေရာက အလွန်အေးစက်ပြီး မှောင်နေတတ်ကာ အောက်သိုးသိုးအနံ့များ ရှိ‌နေသည်။

ထိုမြေတိုက်ထဲ၌ ညည်းသံတိုးဖျော့ဖျော့လေးသာ ပြုနိုင်တော့သည့် နှောင်ကြိုးရိပ် ရှိနေ၏။ သူ တစ်ညလုံး ငရဲခန်းထဲ ရောက်နေသကဲ့သို့ ကိုကို့ဆီက အနိုင်ကျင့်ခံခဲ့ရတာကြောင့် သူ့ခန္ဓာကိုယ်က အလွန်အမင်း နာကျင်နေလျက်ရှိသည်။ အေးနေသောကြောင့် သူ ပိုလို့ပင် ကိုက်ခဲနေရ၏။

ရိပ် ဘေးတစောင်းအနေအထားဖြင့် သူ့ဒူးနှစ်ဖက်ကို ကွေးလိုက်ကာ သူ ဘယ်လိုနေနေ မသက်မသာဖြစ်နေတာမို့၊ ချမ်းတုန်နေတာမို့ နှုတ်ခမ်းပါးများကို ဖိကိုက်လိုက်မိသည်။

ရိပ် ထိုပုံစံအတိုင်း မြောလုနီးနီးဖြစ်နေသည်။

"ရေနဲ့ပက်ပြီး နှိုးလိုက်"

နေဆက်ပိုင်၏ အမိန့်အတိုင်း ထိုလူနှစ်ယောက် ရိပ်ပေါ်သို့ ရေတစ်ပုံးလောင်းချလိုက်ပြီး တစ်ချက်ကန်နှိုးလိုက်သည်။

ရေအေးအေး၏ အရှိန်ကြောင့် ရိပ် နာကျင်စွာဖြင့် ပြန်နိုးလာသော်လည်း သူ တကယ့်ကို မလှုပ်မရှားနိုင်ဖြစ်နေအောင်အထိ အောက်ပိုင်းက နာကျင်နေလျက်ရှိသည်။

နေဆက်ပိုင် ရိပ်အား ခြေဖြင့်ကန်နှိုးလိုက်သည်။

"ငါ့လူကို မြှူဆွယ်တုန်းကမြှူဆွယ်ပြီး အခုကျ ခြေကုန်လက်ပန်းကျသွားတာလား၊ ကိုယ့်အဆင့်ကိုယ်မသိ ကိုယ့်နေရာကိုယ်မသိတာ စိတ်ပျက်စရာကောင်းလိုက်တာ"

". . ."

"ဒီအိမ်ထဲကနေ ထွက်သွားစမ်း၊ မဟုတ်ရင်လည်း မင်းရဲ့အစ်ကို့နောက်ဖြစ်ဖြစ် လိုက်သွားပါလား၊ ကျက်သရေတုံး‌ကောင်"

ရိပ်၏ဗိုက်နှင့်ရင်ဘတ်ကို နေဆက်ပိုင် အဆက်မပြတ် ကန်ကျောက်နေသည်။ ရိပ်က ဘာသံမှ မထွက်သည့်အပြင် တုတ်တုတ်တောင် မလှုပ်တာမို့ အနံ့အသက်မကောင်းသည့် ဒီအောက်ထဲ၌ နေဆက်ပိုင် ကြာကြာမနေတော့ဘဲ ပြန်ထွက်လာတော့သည်။ ဖြစ်နိုင်ရင် ကိုကို့စိတ်တွေကို အရယူထားနိုင်သည့် ရိပ်ကို သတ်ပစ်လိုက်ချင်တာဖြစ်သော်ငြား ဒီကောင့်အတွက်နှင့်တော့ ထောင်ကျမခံနိုင်။ ဒီကောင် သူ့ဘာသာသူ သူ့အစ်ကိုလို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရင် ကောင်းမည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now