Birthday Special

159 22 0
                                    

မနက်ဝေရီဝေလင်းအချိန် နေတောင်မထွက်သေး...
အကျီအ၀တ်အစား ပြင်ဆင်ပြီး ဖိနပ်ကြိုး ချည်နေတဲ့ ကိုယ်ရံတော် Seokmin တစ်ယောက် သူ့ တစ်ရက်တာ အချိန် အတွက် နိုးနှင့်နေပြီ

ဖိနပ်ကြိုးချည်ပြီး အထ ဘေးက သူ့ဓားအိမ်ကို ခါးမှာချည်ရင်း " ‌ဒီနေ့လည်း ‌တိတ်ဆိတ်အေးချမ်းတဲ့ နေ့လေးပဲ ဖြစ်ပါစေ " လို့ ဆုတောင်းကာ အခန်းထဲက ထွက်လာခဲ့တော့တယ်။

တံခါးအဖွင့် ခြေလှမ်းများ မစမှီမှာပဲ ခါတိုင်း လူ ရှိလေ့ မရှိတဲ့ လျှောက်လမ်းမှာ အထိန်းတော် မှာ နန်း‌တွင်းသူ များ အသာလေး ‌အပြေးအလွှား အလုပ်‌ရှုပ်နေဟန်ကို မြင်လိုက်ရသည်။

ခါတိုင်း နန်းတွင်း မှာ အရင်ဆုံးနိုးတတ်သူ Seokmin ဟာ ရုတ်တရက် သူ့ထက် စောနိုး‌နေကြသော သူများကို မြင်မိပြီး မျက်မှောင်ကုတ်နေမိသည်။ ( ပြောရရင် မသိမသာ ဆူပုတ်‌နေတာမျိုးပေါ့ သူ့ထက် စော‌နိုးနေရသလားဆိုပြီး )

နန်းတော်ကို စစချင်း၀င်တုန်းက နန်းတော် အကြောင်းသေချာရှင်းပြ ခဲ့တဲ့ အထိန်းတော် ရုတ်တရက် လာတာ မြင်ပြီး ဦးညွန့် ကာ အကြောင်းအရင်းကို မေးပါတော့တယ်။

"အထိန်းတော် Ruul ... ဒီနေ့က ဘာနေ့မို့လို့လည်း အကုန် စောစောနိုးပြီး အလုပ်ရှုပ်နေကြတဲ့ပုံနဲ့ "

"‌ ဪ ဟုတ်သား Seokmin တစ်ယောက် မသိသေးဘူးပဲ ..... မနက်ဖြန် မင်းသား Joshua ရဲ့ မွေးနေ့လေ အဲ့အတွက် ကြိုတင် ပြင်ဆင်နေကြတာ "

မင်းသား Joshua ဆိုတဲ့ နာမည် ကြောင့် Seokmin ဟာ သတိပိုရှိ လာပြီး မွေးနေ့ ဆိုတာကိုလည်း ကြားရော  အရာအားလုံး တိတ်ဆိတ်သွားသလို သူခံစားလိုက်ရတယ် ။

" . . . . . . . . မင်းသား Joshua . . . . မွေးနေ့ ? "

Seokmin ဟာ ဘာကြောင့်မှန်းမသိ အချိန်ကောင်းတစ်ခုကို လွှတ်သွားတဲ့ ခံစားချက်မျိုး ရသွားပေမယ့် ဆက်မြင်ရမယ့် အရာအတွက်လည်း စိတ်လှုပ်ရှား‌နေမိနေတယ်

" အေးဟ .... အင်း ပြောရင် ကွယ်လွန်သွားခဲ့တဲ့ မိဖုရား လုပ်ပေးခဲ့တဲ့ အစဥ်အလာလေးပေါ့ကွယ် .... "

မင်းသား Joshua ရဲ့ အကြောင်း သူ အကုန်သိခဲ့ပြီး မင်းသား ငယ်ငယ် ပဲရှိသေးချိန် ကွယ်လွန်သွားခဲ့တဲ့ မိဖုရား အကြောင်းကတော့ အရင်ဆုံးပေါ့

His Knight Where stories live. Discover now