Chapter - 3

156 23 1
                                    

နောက်ရက်အနည်းငယ်အကြာ
.
.
.
တော်၀င် ပန်းခြံ ထဲမှာ လက်ဖက်ရည်ထိုင်သောက်နေကြတဲ့ အစ်ကို ဖြစ်သူ မင်းသား Jeonghan, ညီဖြစ်သူ မင်းသား Joshua နှင့် သူတို့ရဲ့ ကျောင်းဖော်ကျောင်းဖက် ၀န်ကြီးချုပ် သားဖြစ်သူ Minghao...

သာမန် ‌နေ့တွေလိုပဲ ဘာမှ မပြောင်းမလဲ စကားပြောကြ တိုင်ပင်ကြ ပဲပေါ့

မပြောင်းလဲဘူးလို့ အတိအကျ ပြောချင်ပေမယ့် တစ်ခုသော အရာကြောင့် ပြောလို့ မရပြန်

" Joshua ...." Jeonghan တစ်ယောက် သူ့ ညီ စားပွဲပေါ် မှေးတင်ပြီး တစ်နေရာ ကို စိုက်ကြည့်နေတာ ကြည့်ရင်း လှမ်းခေါ်လိုက်သောလည်း Joshua မှာ ပြန်မထူး

တစ်ခဏအကြာ

"....ဟဲ့ ကောင် အဲ့လောက် စိုက်ကြည့်နေလို့ မီးသာထတောက်ရင် မင်း ကိုယ်ရံတော် အခု အမှုန်ဘ၀ ရောက်နေလောက်ပြီ သိလား " ဖတ်နေတဲ့ သတင်းစာ ကို လုံးပြီး Joshua ခေါင်းအား ရိုက်လိုက်သည်

"အား ! ဘာ...ဘာ ကို စိုက်ကြည့် ရမှာလည်း .... ဘယ်သူ့ကို .... ဘယ်သူက .... အစ်ကိုတော် ထင်ရာ လျှောက် မပြောနဲ့ ..... " Joshua တစ်ယောက် အရိုက်ခံရတဲ့ သူ့ခေါင်းအား ပွတ်ရင်း ငြင်းပြီး ဆူပုတ်နေတော့တယ်

Minghao ကတော့ ဘေး မှာ လက်ဖက်ရည် ခွက်လေးကို  ဖြေးဖြေးချင်းမော့သောက်ရင်း စကားစလိုက်သည်

"ဒီကိုယ်ရံတော်တစ်ယောက် စံချိန်ချိုးသွားပြီမလား ...... ခါတိုင်းဆိုရင် တစ်ပတ်တောင် မပြည့်ပဲ ထွက်သွားကြတာ အခု ဘယ်လောက်ကြာ....."

" ရက်နှစ်ဆယ်" Joshua တစ်ယောက် အရိုက်ခံရတဲ့ခေါင်းကိုပွတ်ရင်း ကိုယ်ရံတော် ဆီမှ မျက်စိမလွဲ စိုက်ကြည့်ကာ ဖြတ်ပြောလိုက်တယ်

Minghao မှာ Joshua ကို ကြည့်လိုက် ကိုယ်ရံတော်ကို ကြည့်လိုက် Joshua ဆီ ထပ်ပြန်ကြည့်ပြီး နောက်ဆုံး Jeonghan ဆီ မေးခွန်းမေးသလို ပြူးပြပြီး ကြည့်တော့ Jeonghan မှာ ပခုံးတွန့် ရင်း လက်ရည်‌လေးကို မော့လိုက်တော့သည်
.
.
.
.
.
.
.
.
" ကဲ မနက်ဖြန် မှ စကားစပ်ကြမယ် ‌... ကျွန်တော် အဖေ့ အစည်းအဝေးကို လိုက်တတ်ဖို့ ခေါ်ထားတာ အဲ့ဒါ အတွက် စောစော ပြန်ရမှ  . . . " Minghao တစ်ယောက် သူ့အိတ်နဲ့ အပေါ်၀တ်ကုတ်အရှည်ကို သယ်ပြီး မင်းသားနှစ်ယောက် အား ဦးညွန့် နှုတ်ဆက်ကာ ပန်းခြံမှ ထွက်ခွာ လာခဲ့သည်။

His Knight Where stories live. Discover now