အိမ်ပြန်ရောက်တာနဲ့ ချယ့်လက်ကိုဆွဲပြီး ဧည့်ခန်းက ဆိုဖာမှာ ထိုင်ချလိုက်ကာ
"ချယ် မောင်တို့ စကားပြောရအောင်"
"ဘာပြောမှာလည်း ပြော"
"ချယ် နောက်ကို တစ်ခုခုလုပ်မယ်ဆို မောင့် ကြိုပြောပြတာ၊ လုပ်ပြီးသွားရင်လည်း ပြန်ပြောပြတာမျိုးလုပ်လို့မရဘူးလား။ ဒီနေ့ပဲကြည့် မောင့်မိဘအိမ်သွားတဲ့အကြောင်း မောင့်ကိုမပြောပြတော့၊ မောင့်မှာ သားမိုက်ကြီးကိုဖြစ်လို့"
ချယ် သူ့မျက်နှာကို ခပ်ရွဲ့ရွဲ့ကြည့်လိုက်ပြီးမှ
"ပြောတယ်လေ၊ သွားတိုင်းပြောသားပဲ။ အမေတို့အိမ်သွားမယ်လို့"
"ဟာ အဲ့လိုပြောတော့ မောင်က ချယ့်အမေအိမ်သွားတယ်ပဲထင်တာပေါ့"
"ဪ ကိုသုတ တော်တော်တရားကျဖို့ကောင်းတယ်နော်၊ ကျွန်မအမေဆီဆိုရင်တော့ မလိုက်ချင်ဘူး။ ရှင့်အမေအိမ်သွားမယ်ဆိုရင်တော့ လိုက်ချင်တယ် အဲ့လိုလား"
"မဟုတ်ဘူး၊ ချယ်အထင်မှားနေပြီ။ မောင် ချယ့်အမေအိမ်သွားရင် မလိုက်တာ၊ ချယ်မခေါ်လို့လေ။ သားအမိချင်း စကားလွတ်လွတ်လပ်လပ်ပြောရပါစေဆိုပြီး မလိုက်တာ"
"အပိုတွေ၊ မလိုက်ချင် မလိုက်ချင်ဘူးပြော"
"ဪတကယ်ပါဆို၊ မောင့်အတင်းတုတ်ချင်လည်း တုတ်ရပါစေလို့၊ စေတနာနဲ့ လိုက်မရှုပ်တာကို၊ ရတယ် အခုကစပြီး မိန်းမသွားလေရာ ထပ်ချပ်မကွာလိုက်ပြီးသားပဲ"
"ကြည့်ရသေးတာပေါ့၊ ပြီးတော့ ပြောလက်စနဲ့ တစ်ခါတည်းပြောပြထားမယ်၊ ရှင်ယူထားတဲ့ ကျွန်မကလည်း အဲ့လို နေရာတကာ ပြောမှသိတာမကြိုက်ဖူးရှင့် သိလား။ အဲ.. ဒီနေ့လို အလိုက်တသိလေး မိန်းမစားဖို့ စီစဉ်ပေးတော့ ဘယ်လောက်ကောင်းလဲ"
"ဟုတ်တယ်လေ၊ မောင်ပြောချင်တာလဲ အဲ့ဒါပဲ။ ဟော အရင်က ချယ်မပြောပြတော့ အစပ်မစားနိုင်မှန်း မောင်မသိဘူး။ အခုသိသွားတော့ တစ်ခုခုလုပ်ပေးလို့ရသွားတယ်။ အဲ့တော့ တချို့ဟာတွေက အမြဲတန်းတော့ သူ့အလိုလို ဘယ်သိမလဲ မိန်းမရယ်။ ပြောပြသင့်တာတွေလည်း ပြောပြမှပေါ့။ မောင့်မိန်းမက စကားကို သိပ်ချွေတာတာပဲ။
YOU ARE READING
နက်ဖြန်တိုင်းမှာ နင်နဲ့ငါ
Romance(Unicode+Zawgyi) လင်နဲ့မယား၊ လျှာနဲ့သွားဆိုသလိုပဲ၊ မကြာခဏ ကိုက်မိကြတဲ့ သူတို့အကြောင်း...