အပိုင်း(၉)

1.2K 40 0
                                    

သုတ ဒီနေ့ အခန်းတံခါးကိုဘဲလ်မတီးတော့ပဲ သော့ဖွင့်ပြီးဝင်လာလိုက်တော့ ချယ် ဟင်းချက်နေတာတွေ့လို့ အနောက်ကနေ အသာလေးသွားကာ ခါးလေးကို ဖက်လိုက်တော့

"ဗု‌ဒ္ဓေါ ဘုရားတွေ ငုတ်တုတ်ကြွ"

"အဟားးဟားးဟာ ချယ်ရယ် ဘယ်လိုကြီး ယောင်တာလဲကွာ၊ ရိုးရိုးကြွခိုင်းပါ၊ ဘယ့်နှယ့် ငုတ်တုတ်ကြွခိုင်းတာတုန်း အဟားဟားဟာဟ"

"အို့ အသံမပေး ဘာမပေးနဲ့ဆိုတော့ လန့်သွားတာပေါ့၊ ပြီးတော့ ယောင်ပါတယ်ဆိုမှ သူ့ဟာသူထွက်ချင်သလို ထွက်တာပေါ့။ သိပ်ရယ်ရတယ်ဟုတ်လား။ ရီအုန်း ရီအုန်း"

ရှက်ရမ်းရမ်းပြီး သုတကို ဆိတ်ဆွဲနေလို့ လက်ကလေးကို ဖမ်းထားလိုက်ပြီး

"ပြောပါအုန်း၊ ဒီနေ့ရော ဘာဟင်းတွေချက်လဲ"

"အွန်း ပုစွန်ဘော့ချိတ်လေးတွေကို ငရုတ်သီးခွဲခြမ်းနဲ့ အစပ်ကြော်ပြီး၊ ဟင်းရည်ကတော့ ကန်စွန်းရိုးနီချဥ်ရည်"

ထုံးစံအတိုင်း သုတ ဟင်းအိုးကိုနှိုက်ကာ မြည်းလိုက်ပြီး

"ဂွတ်တယ် ရှယ်ပဲ"

"ဟုတ်ပါပြီ၊ ကြိုက်တယ်ဆိုပြီးတာပါပဲ။ မဟုတ်ရင် ရှင်က ပေါ့သလေး၊ ငန်သလေးနဲ့ ချေးများတော့၊ ချယ့်မှာ ချက်ပြီး အမောမပြေဘူးရယ်"

သုတ ချယ့်ကို မျက်မှောင်ကြီးကျုံ့ပြီးကြည့်ကာ

"မောင်က ဂျီးများတယ်။ ဘယ်တုန်းကလည်း။ မောင်တော့ အဲ့လို မပြောဖူးဘူးထင်တာပါပဲ။ ချယ်အမှတ်မှားနေတာထင်တယ်"

"ဟုတ်တယ်၊ ကျွန်မကပဲ လုပ်ကြံဇာတ်တွေခင်းပြီးပြောနေတာသိလား။ ညားခါစက နေ့တိုင်းချက်ကျွေးသမျှကို ချေးထိုင်များတာ ဘယ်သူလည်း မသိဘူး၊ အတိတ်မေ့သွားပြီထင်တယ်။ တနေ့တနေ့ အမေ့လက်ရာကို တရတာလည်း သူ့မှာ အမော ဟွန့်"

သုတ အခုမှ ဇက်ကလေးပုကာ လျှာထုတ်ပြရင်း

"ဟီး အဲ့တုန်းက မောင် ငယ်သေးလို့ မသိလို့ပြောမိတာ၊ အခုတော့ မောင့် မိန်းမလက်ရာက အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ နောက်ဆို မိန်းမချက်ကျွေးတာပဲစားရတော့မှာလေ။ ဟုတ်တယ်မှတ်လား"

နက်ဖြန်တိုင်းမှာ နင်နဲ့ငါWhere stories live. Discover now