အခန်း၈။ ရဲ

217 14 0
                                    


အဆောက်အဦး၏ရှေ့တံခါးမှာ လုံးဝပင် သော့ခတ်ထားခြင်းမရှိပါ။

အခြားတနည်းဖြင့်ဆိုရသော် 'ဘိုဝမ်'အပါအ၀င် ရဲဌာနတစ်ခုလုံးမှာ တရားသူကြီး၏အရူးလုပ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

အကယ်၍ 'ဘိုဝမ်' သာ အောက်ထပ်သို့ပထမဆုံးရောက်ရောက်ချင်း မှန်တံခါးကိုခွဲဖို့မကြိုးစားဘဲ တံခါးကိုတိုက်ရိုက် တွန်းဖွင့်ကြည့်ခဲ့မိပါက သူလွယ်ကူစွာရှင်သန်နိုင်ခဲ့မည်ဖြစ်သည်။

အကယ်၍ ရဲများသာ ဘေးတံခါးကိုဖျက်ဆီးကာမ၀င်ခဲ့ဘဲ ရှေ့တံခါးကိုဖျက်ဆီးကာဝင်ရန်ကြိုးစားခဲ့လျှင် သူတို့ 'ဘိုဝမ်' ကို ကယ်တင်နိုင်ခဲ့လိမ့်မည်ဖြစ်သည်။

သို့သော်လည်းသူတို့တစ်ယောက်မှ ထိုကဲ့သို့မလုပ်ခဲ့ကြပေ။ တရားသူကြီးက သူတို့အားစနောက်ရန်နှင့် ပျက်ရယ်ပြုရန် တမင်တကာပင် အရှေ့တံခါးကိုသော့မခတ်ဘဲချန်ထားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ရိုးရှင်းသောထောင်ချောက်က လူတိုင်းကိုအရူးလုပ်နိုင်ခဲ့သည်။ စစချင်းတွင် 'ဘိုဝမ်' ကြုံတွေ့ ခဲ့ရသော ပုံမှန်မကျဘဲထူးဆန်းသည့်ဖြစ်ရပ်များက တရားသူကြီး၏စကားများအား သူတို့၏မသိစိတ်ထဲမှလုံးဝယုံကြည်ရန်ရွေးချယ်စေခဲ့သည်။

ထိုအရာက အကြီးမားဆုံးအလွဲ မဟုတ်သေးပေ။

ဖြစ်ရပ်ပြီးနောက် ဆရာဝန်ပြောပြသည့် အချက်အလက်အရ ခံရသူ၏လှုပ်ရှားနိုင်စွမ်းအချိန်မိနစ်မည်မျှတွင်ပျောက်ဆုံးမည်ကို အတိအကျခန့်မှန်းရန် လုံးဝမဖြစ်နိုင်ပါ။ ပြီးလျှင် 'ဘိုဝမ်' ရေသောက်လိုက်သောအချိန်တွင် သူမည်မျှသောက်လိုက်သလဲဆိုသည်ကိုတိုင်းတာရန် မည်သည့်အတိုင်းအတာမှမရှိပါ။

တရားသူကြီး၏ ရေတွက်မှုက 'ဘိုဝမ်'အား စိတ်ပိုင်းဆိုင်ရာအရ ဖိအားပေးရန်သာဖြစ်ခဲ့သည်။ အကယ်၍
တရားသူကြီးသာ ရေတွက်မှုမလုပ်ခဲ့လျှင် သို့မဟုတ် 'ဘိုဝမ်'သာထိုအရာကိုနားမထောင်ခဲ့လျှင် သူမိနစ်အနည်းငယ်မျှ ဆက်လက်လှုပ်ရှားနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့စောစောမသေနိုင်ပါ။

ရေတွက်မှုအတုအယောင်၊ သော့မခတ်ထားသောအဓိကတံခါး

ရဲများမှာသူတို့၏ ညံ့ဖျင်းမှုများကိုတွေးကာ အရှက်ကွဲသလို ခံစားလိုက်ရပြီး အလွန်ပင်စိတ်ဓာတ်ကျကာသုန်မှုန်နေသောအသွင်ဖြစ်‌နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးWhere stories live. Discover now