အခန်း၇။ စက္ကန့်ကအစ တိကျသောဒီဇိုင်း

245 17 0
                                    

"ဒိုင်း  ဒိုင်း   ဒိုင်း"

သေနတ်သံအချို့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိပြကွက်မှာစောင်းသွားခဲ့သည်။

ဘေးတံခါးကိုစတင်ဖျက်နေပြီဖြစ်သောရဲတပ်သားထံမှ သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

"မှတ်ထားကြပါ၊ မင်းတို့ရဲ့ကျည်ကပ်တွေကိုအလွတ်မထားကြပါနဲ့၊ ပြစ်မှုကျူးလွန်သူကအဆောက်အဦးထဲမှာပုန်းနေနိုင်သေးတယ်"

အခုအချိန်မှာအမြင့်ဆုံးတာဝန်ကိုယူထားတဲ့ အရာရှိ 'ရော့စ်'က သူ၏ရဲတပ်သားများကို ကျည်များကိုချွေတာရန် သတိပေးလိုက်သည်။

မကြာခင်မှာဘေးတံခါးရှိသော့မှာသေနတ်ပစ်ချက်များကြောင့်ပျက်သွားခဲ့သည်။

"မြန်မြန် တံခါးကိုကန်လိုက်"

"ရော့စ်"၏ အမိန့်အောက်တွင် ရဲတပ်သားအချို့က ဘေးတံခါးကို အတူတကွကန်လိုက်ကြသောအခါ တံခါးမှာမြေပေါ်သို့ပြုတ်ကျသွားခဲ့သည်။

"ဆေးတပ်ဖွဲ့ကို အလယ်မှာထားပြီးငါ့နောက်လိုက်ခဲ့ကြ"

ရဲတပ်သားအနည်းငယ်ကဆေးတပ်ဖွဲ့နှင့်အတူအမြန်ဝင်လာကြသည်။

"သေဆုံးဖို့ရန်စက္ကန့်၃၀အလို"

'ဂျက်' ကနောက်တစ်ခါထပ်ပြောသည်။
သူကထောက်ထားစွာအချိန်ကိုဆက်ရေတွက်နေသည်။

"သူတို့ကို 'ဘိုဝမ်'ကို ကယ်တင်ခွင့်မပေးပါနဲ့"

"တရားသူကြီးက အခြားအကြံဉာဏ်များမရှိတော့ဘူးလား၊ အမြန် 'ဘိုဝမ်'ကို သတ်လိုက်ပါတော့၊ သူ့ကိုမကယ်စေနဲ့"

"ငါအရမ်းထိတ်လန့်နေပြီ၊ ဆက်မကြည့်ရဲတော့ဘူး၊ တကယ်လို့ 'ဘိုဝမ်'ကယ်တင်ခြင်းခံရတာကိုသာ‌ငါတွေ့ရမယ်ဆိုရင်တော့ ငါနှလုံးရောဂါရသွားနိုင်တယ်"

"ငါအဲ့ကိုအမြန်ပြေးသွားပြီးသာသူ့ကိုသတ်ပစ်လိုက်ချင်တယ်"

"သေခြင်းတရားသူကြီးကို ယုံကြည်ကြပါ၊ သူအခုထိဘာအမှားမှမလုပ်မိသေးဘူး၊ အရာအားလုံးကအတိအကျ ပလန်ဆွဲထားတာ"

နောက်ထပ် မှတ်ချက်များ ပလူပျံသွားပြန်သည်။

"မြန်မြန် မြန်မြန်၊ ဆေးအဖွဲ့တွေ သူတို့ကို သွားကယ်ကြ"

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးDove le storie prendono vita. Scoprilo ora