အခန်း၁။ သေခြင်းသတိပေးချက်စာရွက်!

1K 28 1
                                    

မက်ဟန်တန်၊နယူးယောက်မြို့။

တိမ်မည်းများက လကိုဖုံးလွှမ်းကာ မိုးရေများကအပြစ်များကိုဆေးကြောသန့်စင်သွားခဲ့သည်။

အင်ပါယာစတိတ်အဆောက်အဦး၏ အမိုးပေါ်တွင် မိုးစက်လေးများက အနက်ရောင်ထီးများပေါ်သို့ကျ‌ရောက်နေသည်။ အနက်ရောင်ဝတ်စုံပြည့်နှင့်ဦးထုပ်‌တစ်လုံးဆောင်းထားသော 'ဂျက်' ကအမိုးပေါ်တွင်ရပ်ကာ 'ဝေါလ်စထွိစ်'လမ်းမရှိရာသို့ကြည့်နေသည်။

ပုံမှန်အားဖြင့်အေးဆေးတည်ငြိမ်သော'ဂျက်'ကယခုစိတ်လှုပ်ရှားနေခဲ့သည်။

သေခြင်းသတိပေးချက်စာရွက်ရရှိခဲ့သောသူ၏ထိတ်လန့်ကြောက်ရွံ့ဖွယ်မျက်နှာအမူအရာကိုသူတွေ့ရှိခဲ့ရသည်။

"အကျဉ်းသားက သေခြင်းသတိပေးချက်စာရွက်ကိုရရှိခဲ့တယ်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွက်ကိရိယာတွေအဆင့်သင့်ဖြစ်နေပါပြီ။ ဒါက၃၆၀ဒီဂရီသူ့အလိုလိုခြေရာခံပြီး လှည့်လို့ရတဲ့နည်းပညာမြင့်ပစ္စည်းတစ်ခုဖြစ်တယ်။ ဒီနည်းပညာမြင့်ပစ္စည်းကအကောင်းဆုံးရှုထောင့်ကိုရွေးချယ်ပေးနိုင်တယ်။ ဒါနဲ့နေ့ဘက်မှာတင်မက ညဘက်တွေမှာပါတိုက်ရိုက်ထုတ်လွှင့်လို့ရတယ်။ဒီအရာက မိုးကြိုးမုန်တိုင်းတွေ၊အပူဒဏ်၊အအေးဒဏ်တွေအပြင်အခြားဆိုးရွားတဲ့ရာသီဥတုဒဏ်တွေကိုပါကြံ့ကြံ့ခံနိုင်တယ်။ဒါနဲ့ဆို တိုက်ရှိုက်ထုတ်လွှင့်ချိန်မှာကြည်တောက်ရှင်း‌နေတဲ့ရုပ်ပုံတွေကြောင့် ကြည့်ရှုသူပရိတ်သတ်တွေအတွက်ကောင်းမွန်တဲ့အတွေ့အကြုံကိုရရှိစေမှာပါ။"

'ဂျက်'က ရုတ်တရက် ထိုအသံကိုကြားလိုက်ရသော်လည်း အံ့အားသင့်မသွားခဲ့ပေ။ ထိုအရာမှာ သူယခု အပြိုင်ကမ္ဘာကြီးသို့ ရောက်ရှိလာကတည်းကပါရှိလာသောစနစ်တစ်ခုဖြစ်သည်။

ထိုအရာက တိုက်ရိုက်ထုတ်လွှင့်မှုစစ်ဆေးခြင်းစနစ်ဖြစ်သည်။

အပြစ်ရှိသည့်သူများ၏ အပြစ်များကို စစ်ဆေးပြီး အပြစ်ရှိသူတစ်ယောက်ကတော့ စိတ်ကူး၍ပင်မရနိုင်အောင်ဆိုးရွားသော ဆုလာဒ်တစ်ခုကိုရရှိမည်ဖြစ်သည်။

"တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက ချိတ်ဆက်ပြီးပါပြီ။တိုက်ရိုက်ထုတ်လွှင့်မှုကိုအချိန်မရွေးစတင်နိုင်ပါပြီ။ မ‌သေဆုံးခင်တရားစီရင်မှုမှာ လူတစ်ယောက်ရဲ့ကြောက်ရွံ့ထိတ်လန့်မှုအဆင့်က ပိုမြင့်‌လေ တရားစီရင်မှုလုပ်ငန်းရဲ့တန်ဖိုးကပိုမြင့်လေဖြစ်ပြီးထိုအဆင့်အလိုက် ပိုမိုများပြားတဲ့ဆုလာဒ်တွေကိုသင်ရရှိမှာဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုယခုစတင်တော့မလား"

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးWhere stories live. Discover now