-22-

7.4K 375 9
                                    

ရိပေါ် မနက်ခင်းအစောကြီးနိုးလာခဲ့တယ်..

သူဘေးကိုကြည့်တော့ ရှောင်းကျန့်က အိပ်မောကျနေဆဲ။ သူလည်း ပင်ပန်းသွားပြီ။

ရိပေါ် ရှောင်းကျန့် ပါးပြင် အိအိလေးကို အသားဖွဖွလေး ပွတ်သက်ပြီး နမ်းလိုက်တယ်။

သူလည်း ကုတင်ပေါ်ကနေ ထပြီးရေချိုးခန်းထဲ၀င်လာခဲ့တယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး အမြန်ပြုလုပ်ပြီး
ရေချိုးခန်းထဲက ထွက်လာကာ

ဗိဒိုထဲက အပေါ့ပါးဆုံး အင်္ကျီအကျကိုရွေးပြီး၀တ်တယ် ဒူးလောက်ရှိတဲ့ ဘောင်းဘီအပွကို ၀တ်ကာ  ထမင်းစားခန်းဘက်ကို လာခဲ့တယ်။

  ရိပေါ် မနက် ဗိုက်ဆာနေတာကြောင့် ရေခဲသေတ္တာထဲကြည့်တော့
အသားငါးအပြည့်  လိုလေးသေးမရှိ။

ခက်တာက ၀မ်ရိပေါ်ဆိုတဲ့ ၀မ်သခင်လေးက
ငယ်ငယ်ကတည်းက ရွှေဇွန်းကိုင်စားလာတာမို့။

အစားအသောက်နဲ့ ပတ်သက်ရင်ဘာမှမလုပ်တက်
စားသာ စားတက်သည် [broမှန်တယ်👍]

သူအရှေ့မှာ ချက်ပြုတ်ဖို့ စုံစုံလင်လင်ရှိပေမဲ့ သူက ခေါက်ဆွဲတောင် နူးအောင်မပြုတ်တက် ...

ရိပေါ် အကြံရပြီး။

ဟောက်ရွမ်းလှမ်းအကူအညီတောင်းတော့။

ဟောက်ရွမ်းက သေအောင်အလိုက်သိတဲ့ သူငယ်ချင်းပါ။

အခန်းအရှေ့မှာ စားစရာတွေ လာပို့ပေးထားတယ်တဲ့ ဆန်ပြုတ်ရောပဲတဲ့..

ရိပေါ် မှာ အရမ်းကိုအလိုက်သိတဲ့သူငယ်ချင်းလဲ ရှိတယ်။

ရိပေါ် အခန်းတံခါးကို သွားဖွင့်တော့ ဟုတ်ပါရဲ့ ချိုင့်နဲ့ အစားအသောက်တစ်ချို့ ဘေးမှာက အာလူးကြော်ထုပ်တွေ...

အမြန်ပဲ အစားအသောက်တွေ ယူပြီး အထဲ၀င်လာခဲ့တယ်။

သူက မနက်စာကို  ကော်ဖီပူပူလေး တစ်ခွက်နဲ့ ခေါက်ဆွဲကြော်စားဖို့ ပြင်ဆင်လိုက်တယ်။

ရှောင်းကျန့်အတွက် အေးနေတဲ့ ဆန်ပြုတ်ကို ပြန်နွှေးဖို့ ပြင်တော့တယ်

သူအဲ့တာတော့ လုပ်တက်ပါတယ်။

ရိပေါ် အကုန် နွှေးပြီး ပြင်ဆင်နေတယ်။

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now