-24-

6K 318 5
                                    

နံနက်ခင်းက သာယာလှပလို့နေပါတယ်။
ချစ်ရတဲ့ ချစ်သူ ကလည်း အပြုံးကိုယ်စီနဲ့...

၀မ်ရိပေါ်ကားမောင်းနေရင်း ရှောင်းကျန့်လက်တစ်ဖက်ကို ကိုင်ကာ အနမ်းပေးတော့

ခေါင်းငုံ့ကာ ရှက်ရွံ့သွားတဲ့ ရှောင်းကျန့်။

ရိပေါ်ကလည်း ထိုအပြုအမှုကြောင့် ထိန်းသိမ်းမရအောင်း ပြုံးမိသွားတယ်။

အခုနေ့မှ ၀မ်ရိပေါ်ရဲ့ အပြုံးဟာ ပိုမို တောက်ပသယောင်

ရှောင်းကျန့်လည်း မကြီးအငယ်ကြီးမှ အခုလို
အပြုအမှုတွေကြောင့်မျက်နှာဟာထားစရာမရှိအောင်ဖြစ်လာတယ်

မောင်ဟာလေ သိပ်ကဲတာပဲ...

"မောင် လွှတ်ကွ ငါမသေချင်သေးဘူး"

  "မောင်လည်းမသေချင်သေးပါဘူး အချစ်နဲ့အတူဘေဘီလေးတွေထပ်မွေးချင်သေးတယ်"

  "မောင်!"

"ဗျာ!!"

ချောမောလွန်းတဲ့ မောင်မျက်နှာကအရမ်း
ကြည့်ကောင်းနေတယ်။
ပြုံးလိုက်တဲ့ နှုတ်ခမ်းပါးလေးက သူနှုတ်ခမ်းကိုအကြိမ်ကြိမ်နမ်းခဲ့တာ

နှာခေါင်းလုံးလုံးလေးနဲ့ မောင်က သိပ်လက်ဖက်တယ်

ပါးဖောင်းဖောင်းလေးကိုလည်း သူမြတ်နိုးရချည်ရဲ့။

ရှောင်းကျန့် မောင်မျက်နှာကို ငေးသာကြည့်နေမိတယ်။
စော်အော်ရဲ့ ဒယ်ဒီက အသက်နဲ့အလိုက်အောင်
အောင်မြင်တယ်... သူမျက်လုံး စုံမှိတ်ကာ မောင်ကို ယုံကြည်ပါတော့မည်။

မောင်က လက်မလွှတ်ပဲ ကားသာ ဆက်မောင်းရင်း ၀မ်အိမ်တော်သို့ .....

.

.

.

ရှောင်းကျန့် ၀မ်အိမ်တော်ထဲ စ ၀င်တော့ လက်ဖျားတွေက အေးစက်သွားတယ်

သူ က ဘာအပြစ်မှလုပ်မထားပေမဲ့ သူကြောက်နေမိတယ်။

မသိရင် အပျိုဖျန်းလေး ယောင်္ကျားနောက်ခိုးလိုက်သွားတာ မိဘအိမ် ပြန်အပ်တဲ့ ပုံစံမျိုးကြီး

ရင်ထဲ တထိတ်ထိတ်နဲ့ နောက်တော့ လူက မျက်နှာရော တစ်ကိုယ်လုံးပါ ဖြူဖက်ဖက် ဖြစ်လာတယ်

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now