ရေစက် (41) Final

3.2K 80 4
                                    

"ပြန်ရောက်လာကြပြီလား..."

အလုပ်သွားရန်ပြင်နေသော ဦးမြတ်မာန် တစ်ယောက် အိမ်ရှေ့မှ သားဖြစ်သူကိုတွေ့လိုက်ရသည်။

"ဟုတ်ကဲ့ ..."

သူ့ကို စိတ်မပါသလိုဖြေလာကာ မျက်ဝန်းတွေတော့ အမြဲ‌သေနေဆဲ ။ ဘေးမှ မိန်းကလေးကိုကြည့်တော့ တည်ငြိမ်ကာ အေးဆေးနေသည်။

"ဘာဖြစ်လာသေးလဲ "

" ကျွန်မလည်း မသိပါဘူး ... ဦး ဘဲကြည့်လိုက်ပါတော့ .."

စိတ်ပျက်လက်ပျက် သက်ပြင်းချကာ အိမ်ပေါ်တက်သွားသော ထိုမိန်းကလေး။ ဟုတ်တာပေါ့ သူတို့က လူကြီးတွေကြောင့်သာ လက်မှတ်ထိုးရတာ ။ ချစ်ကြတာမှမဟုတ်ဘဲ ။

" သား .. အချိန်မနှောင်းသေးပါဘူး ... သားမှာလွတ်လပ်ပိုင်ခွင့်ရှိတယ် .. ဖြစ်ချင်တာတွေဖြစ်ခွင့်ရှိပါတယ် .... "

"....."

သူ့ကိုအသာခေါင်းညိတ်ပြလာရုံက‌လွဲပြီး ဘာမှထပ်ပြောမလာခဲ့ပေ။ ဒါက ဘာလို့ သူ့ရင်ကိုအောင့်စေတာပါလိမ့် ။

"......"

ထွက်သွားပြီဖြစ်သော ဖခင်ဖြစ်သူကို ထစ်ချုံးမာန် လျစ်လျှူရှုနေသည်။ ဦး ရဲ့ ဝမ်းနည်းပူဆွေးနေသောမျက်ဝန်းကိုသူတွေ့သည်။သို့သော် ဘာလို့ သူ့ကိုမတားရတာလဲ ။ သူကရော ဘာလို့ မျက်ကွယ်ပြုခဲ့ရတာလဲ ။

သူ့ရင်ဘတ်တွေ ဆွဲစုတ်ခံနေရသလို နာကျင်မွန်းကြပ်နေသည်။ ဒီအဖြစ်အပျက်ကနေ ထွက်ပြေးလွှတ်မြောက်ချင်သည်။
ဖြစ်ချင်တာတွေဖြစ်ခွင့်ရှိတယ်?


"ဒီတစ်ခါ .. ပင်လယ်ဘက်ကို သားနဲ့အတူ ခရီးဆက်မယ် .."

ပြုံးရင်းပြောလာသော မိန်းမ ဖြစ်သူကို ဦးမြတ်မာန် ပြုံးပြလိုက်သည်။ သူမလည်း အရမ်းခက်ခဲမှာဘဲ ။

"ပန်ရာ ... ကိုယ့်အထင် .. သားအပေါ်ကို အရမ်းတင်းကြပ်နေသလားလို့ ..."

"အိုး ... ဘာဖြစ်ဖြစ် .."

"သား အခုတလော တမှိုင်မှိုင်တထွေထွေ ဖြစ်နေတာကို မြင်တာဘဲမလား .. စိတ်ချမ်းသာလို့လား ဟမ်း!.."

"နောက်ကျရင် သူ့ဟာသူနေသားကျသွားလိမ့်မယ် ..."

"အပြောကလွယ်တယ် ပန်ရာ ... လုပ်ဖို့ကခက်တယ် .. သားလေးကို ကိုယ့်တို့နှစ်ယောက်လုံးတုန်အောင်ချစ်ရတာဘဲမလား သူဖြစ်ချင်ရာကိုဖြစ်ခွင့်ပေးလိုက်ပြီး တူတူနေရလည်းဖြစ်တယ်လေ .."

ရေစက်Where stories live. Discover now