ရေစက် (38)

1.6K 61 0
                                    

ကားကိုစိတ်မပါလက်မပါမောင်းနေသော လူတစ်ဦး။ သူ့မျက်ဝန်းတွေက နီစွေး‌နေခဲ့ကာ ခံစားချက်မဲ့နေသလိုပင်။ ကျောပေါ်ကဒဏ်ရာကိုရော သူသတိရရဲ့လား မသိ။ သူ့ကိုတားဆီးဖို့မကြိုးစားသည့်လက်ကလေးကို သူအခုထိမေ့လို့မရပေ။  ဒီထပ်ပိုပြီးစိတ်ရှုပ်ထွေးစေသည်က ...။

“ဘာ .... "

“ဘယ်မှာလဲ သိချင်ရင် ငါ့ဆန္ဒကိုလိုက်လျောလိုက် ... အဲ့လိုမှမဟုတ်ရင် သူ့ကိုထပ်တွေ့ဖို့မစဥ်းစားနဲ့တော့ ..”

ပြတ်သားလွန်းသည့် မိခင်စကားကို သူဘယ်လိုချေပရမည်လဲ။ ဒါပေမဲ့ ဦး ကိုသူတွေ့ဖို့လိုတယ် ။ ဦး အဆင်ပြေနေတယ်ဆိုတာ သူအတည်ပြုရမယ်လေ ။ ဦး တစ်ခုခုဖြစ်လို့မရဘူး ။

“ဟုတ်ပြီ .. ကျွန်တော်လက်ခံတာမို့ .. ဘယ်မှာလဲသာ ပြောလိုက်တော့ ..”

“ကိုယ့်စကားကိုယ်တည်ရမယ်နော် ထစ်ချုံးမာန် .. မမေ့လိုက်နဲ့ ...”

“.....”

သူ့ဘက်က ကြီးမားတဲ့အလဲအထပ်လုပ်ပြီး‌ ရောက်လာခဲ့တာတောင် ကြိုဆိုနေတဲ့စကားက

“ကိုယ် ပြန်မလိုက်ဘူးနော် “ တဲ့လား။ ဘယ်လောက်တောင် မာနကြီးလိုက်လဲ ။ အားလုံးနဲ့လဲထားတဲ့ သူကရော အရူးတစ်ယောက်မို့လို့လား ။

“......”

ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး ကားအားအရှိန်မြင့်လိုက်သည်။ ဒီလိုဆိုမှတော့ ဘယ်သူနိုင်လဲ ကြည့်ရသေးတာပေါ့  ဦးစည်းစိမ်။ ကျွန်တော်တို့‌ ရေစက် လမ်းက ထင်သလိုဖြောင့်ဖြူးမနေဘူးဘဲ မဟုတ်လည်း ဆုံစည်းဖို့ရေစက်မဟုတ်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သိပ်လှသော ခရမ်းနုရောင်ဖိတ်စာကဒ်လေး ။ ရွှေကနုတ်နှင့်အသေအချာအလှဆင်ရေးထားသော နာမည် တစ်စုံ။ သိပ်လှသော ဖိတ်စာလေးဘေး ဖန်စာပွဲပေါ်ထင်းပေါ်နေသော မျက်နှာလေးကတော့ ပျော်ရွှင်ခြင်းစိုးစဉ်းမျှရှာမတွေ့ပေ ။

ဖိတ်စာပေါ်မှ မိမိနာမည်ကို အသေအချာကိုကြည့်နေသည်။ ထစ်ချုံးမာန် + နန်းလျာရီမိုး ?
ဖတ်ရဘာလို့ဒီလောက်ထောက်နေရတာလဲ? အဲ့နေရာ ဦးစည်းစိမ် ရှိနေသင့်တာ ။
မည်းနက်သောမျက်ခုံးတန်းက ထိစပ်မတတ်တွန့်ချိုနေကာအလိုမကျခြင်းများစွာကိုဖော်ပြနေသည်။ ဒေါသကိုချုပ်တည်းထားရတာဆိုပိုမှန်ပေလိမ့်မည်။ သူသာစိတ်ရှိတိုင်းလုပ်လိုက်ရရင်ဖြစ် ။

ရေစက်Where stories live. Discover now