{Unicode}
...ချစ်လို့ ယူထားတာကိုဗျာ...
ခင်ဗျားတို့က ဘယ်နဲ့ဖြစ်....။****
ယခင်အပိုင်းမှ အဆက်
"ဒီကလေးတွေက ဒီအတိုင်း ဖြစ်နေပြီဆိုရင်တောင် ကျွန်မကတော့ လက်မခံနိုင်ဘူး..."
အစ်ကို့အဖေကတော့ ကျွန်တော်နှင့် အမေ့ကို တစ်ချက်မျှ ကြည့်လာပြီး....
"ငါက ... နင်တို့ကို အဲ့လိုမျိုးထိ လက်ခံခိုင်းတာ မဟုတ်ပါဘူး...။ ပထမဆုံး အနေနဲ့... အရင်က ခင်မင်ခဲ့ပြီးသား မိသားစု နှစ်ခုကို ဒီကိစ္စတစ်ခုနဲ့ အပြက်ပြက်နဲ နှာခေါင်းသွေး ထွက်မှာ မလိုလားလို့ပါ...။ ပတ်ဝန်းကျင်ကလည်း နည်းနည်း ကိစ္စရှိနေပြီဆိုတော့ ညှိပြီး လုပ်မလို့ပါ..။ ဒီ့ထက် မဆိုးဝါးလာခင်ပေါ့..."
"........."
အမေကတော့ ဦးလေးစကားကို ဘာမှမပြောဘဲ ငြိမ်နေသည်...။
"သေချာ စဉ်းစားကြည့်ပါ... ငါ့နှမ..။ ဒီကိစ္စက ဒီလို ဖြေရှင်းလို့ မရပါဘူး...။ ဦးနှောက်အေးအေးနဲ့ ဖြေရှင်းမှ ရမယ်..."
"ဟုတ်... ဒါဆို.. ကျွန်မ စိတ်အေးအေးနဲ့ စဉ်းစားလိုက်ပါဦးမယ်...။ ကျွန်မလည်း ဘေးစကားတွေနဲ့ ကိုယ့်ကလေးကို ထိခိုက်တာမျိုးတွေရှိလို့...။ ပြီးတော့ သူကလဲ အိမ်ကို အကျိုးအကြောင်းတောင် လာမပြောနိုင်ဘဲ ဖြစ်နေလို့ပါ..."
မေမေကတော့ နောက်ဆုံးမှာတော့ တစ်ထစ်မှ လျှော့ချလိုက်လေပြီ...။ ပြီးတော့ ကျွန်တော့်ကို မျက်ရည်များ... ကရုဏာ ဒေါသများနှင့်အတူ ရှိနေသည့် ကြည့်လာသည့် အချိန်မှာတော့ ကျွန်တော် ခေါင်းကိုသာ ငုံ့ထားလိုက်မိတော့သည်...။
မကြာမီပင် ဦးလေးသက်တို့ ပြန်သည့် အချိန်မှာတော့ ကျွန်တော်လည်း အိမ်ကို တစ်ချက်ကြည့်ပြီး ကျွန်တော့်အကျီ်ထုပ်များကို နေရာချဖို့ ပြင်လေတော့ မေမေက...
"ဒီကို လာဦး... ကူးငယ်...။ ငါက နင့်ကို သေချာမကျွေးမွေးထားလို့... သေချာ မထားလို့ ဒီလောက်ကြီး မိုက်လုံးကြီးရလားဟင်...။ ကျောင်းတောင် မပြီးသေးဘဲ နင်က အိမ်ကို အာခံပြီပေါ့...။ ဘာမှမပြောဘဲ ယောကျ်ားနောက် လိုက်တယ် ဟုတ်လား? ငါ ရှက်လို့ သေတော့မယ်...။ နင့်ကို တစ်ရွာလုံးက ဘယ်လို ပြောနေတယ်ထင်လဲ...? နင်က မြူဆွယ်တာတဲ့...။ အစကတည်းက နင်ကိုယ်တိုင်က မြူဆွယ်နေတာတဲ့...။"