အပိုင်း (၇)

7.8K 553 28
                                    

{Unicode}

...ငါ့ရဲ့အိမ်သူ...ငါ့ရဲ့မဟေသီ...ငါ့ရဲ့မိန်းမ

တန်ခူးလ...

သင်္ကြန် အခါရက်ရောက်ဖို့ သိပ်ပြီး မလိုတော့။ ထို့အတူ သင်္ကြန်အခါရက်များအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိသည်။ တစ်ချို့က အိမ်မှာ မုန့်လုပ်ပြီး သင်္ကြန်အခါရက်အတွက် ဆွမ်းချက်ပြီး ကုသိုလ်ယူဖို့ ပြုကြသည်။ ထို့အတူ ကျွန်တော်တို့ ကာလသားများနှင့် ကုမ္မာရီ အမျိုးသမီးများသည်လည်း သင်္ကြန်အတွင်း စတုဒိသာ ကျွေးပြီး ပျော်ပွဲရွှင်ပွဲများအတွက် လုံးပန်းနေမိသည်။

ထို့အတူ သင်္ကြန်ရောက်ခါနီးသည်နှင့် ကြားရသည့် နှစ်သစ်ကူးကြိုသည့် သင်္ကြန်သီချင်းများက လှိုင် ထနေသည်။ အဖူးတံများဖြင့် သင်္ကြန်၏ သင်္ကေတ တစ်ခုဖြစ်သည့် ပိတောက်ပန်းများက တန်ခူးရေနှင့် သင်္ကြန်မိုးကို မျှော်လင့်ကာ အဖူးတံတစ်စီစီ ၀င့်နေသည်။

တကယ်တော့ အတာရေသဘင် သင်္ကြန်ပွဲက အရင်ကတည်းက ရှေးမင်းများလက်ထက်က ကျင်းပခဲ့တာဖြစ်သည်။ ချစ်ခင်မြတ်နိူးမှုနှင့်အတူ နှစ်ဟောင်း၏ အစွန်းအထင်းများအကြား သင်္ကြန်ရေဖြင့် ဆေးကြောတာမျိုး ဖြစ်သည်။ သင်္ကြန်ရေသည် အခြားရေများနှင့်မတူ။ ကျွန်တော်တို့ နေ့စဥ် ချိုးနေသည့် ပုံမှန်ရေက အနည်းငယ် အပူရှပ်တာမျိုး၊ အအေးမိပြီး နေမကောင်းဖြစ်စေတာမျိုး ဖြစ်နိုင်ပေမယ့် သင်္ကြန်ရေက ဘယ်လောက်ပဲ ရေစိမ်စိမ် နေမကောင်းတာမျိုး မရှိ။

~~ မောင်ကြီးတို့ နွဲ့ပျော်ကြမယ့်
ပွဲတော် အလှရဲ့ ရေအတာသဘင်...
ပြုပြင်ကာ ဆင်ယင်ထုံး... ချစ်နှုန်းပိုလှပေ...

မြန်မာ့ယဥ်ကျေးမှု သဘင်... ထိန်းသိမ်းလို့သာ ထာ၀စဥ်...
ရိုးရိုးသားသား ချစ်ခင်...

ကျွန်တော်တို့ အစ်ကိုရှိနေသည့် တင်းကုပ်အောက်က ကုတင်ပေါ်၌ စာသင်နေစဥ် နားထဲ ကြားနေရသည့် သင်္ကြန်သီချင်းသံများကြောင့် သာယာနာပျော်ဖွယ် ကောင်းနေသည်။ အစ်ကိုကတော့ သီချင်းအပေါ် လိုက်ပြီး နစ်မြောသွားတာမျိုး မရှိဘဲ ကျွန်တော့်ကိုသာ စာသင်ဖို့ အာရုံစိုက်နေပုံရသည်။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now