အပိုင်း (၂)

8.4K 579 10
                                    

{Unicode}

... မြင်နေရခြင်း၏ အဓိပ္ပာယ်...

***

နံနက် ၄နာရီ...

နားထဲ ကြားနေရသည့် အသံကြောင့် အသေအချာလေး အာရုံစိုက် နားထောင်နေမိသည်။ ဒီအချိန် ဒီအိမ်မှာ အိပ်ရာထ တတ်တဲ့သူက မိမိဖြစ်သည်။ သို့သော် ဒါတောင် တစ်ခါတစ်ရံ အရေးကြီးကိစ္စရှိမှသာ ထ ဖြစ်သည်မို့။ မိမိမှ မထလျှင် ၄နာရီအချိန်ဆိုတာ သူခိုးကပ်တာလား?

ရွာဦးကျောင်းက လေးနာရီခွဲ တုံးခေါက်သံတောင် မကြားရသေး။ အိမ်ပေါ်မှ မီးမဖွင့်သေးဘဲ ကြားနေရသည့် ခြေသံလုံလုံကြောင့် ဆတ်ခနဲ ကောက်ထိုင်ကာ... ခြေသံကြားရာကို နားထောင်မိနေသည်။ ထိုခြေသံက အတော်ကြာသည့်အထိ လူမသိအောင် တမင်ဖွသွားသလိုမျိုးမို့...။ ချက်ချင်းဆိုသလို ... အိပ်ရာမှ ဆတ်ခနဲ ထလိုက်ပြီး အသံကြားရာ နေရာသို့....။

ကြားနေရသည့် အသံနှင့်လူရိပ်က မီးဖိုခန်းဘက်ကမို့ အခန်းထောင့်မှာ ထောင်ထားသည့် ၀ါးရင်းတုတ်(၀ါးအရင်းတုတ်)ကို ကိုင်ပြီး ထိုအကောင်အထည် ရှိရာသို့...။ ထိုအကောင်အထည်က မီးဖိုခန်းထဲမှာ ကုန်းကာ ဘာတွေ ရှာဖွေနေသလဲ မသိ။ မိမိလည်း လက်ထဲ ကိုင်ထားသည့် ၀ါးရင်းတုတ်ကို လက်နှစ်ဖက် လွှဲကာ မြှောက်ရင်း ရိုက်မည်ပြင်တော့ နောက်သို့ လှည့်လာသည့် အနှီသူ...။

"အား!!! မေမေ... လွန်မယ်နော်။ သားပါ... အိန္ဒြေပါ.."

ထိုအသံကြားမှ လက်က တုတ်ကို အနည်းငယ် အောက်သို့ နှိမ့်ချလိုက်ပြီး... ထိုအကောင်အထည်ကို စူးစိုက်ကြည့်ကာ ...

"ဘယ်လို? အိန္ဒြေ ဟုတ်လား? ငါ့ကို မညာနဲ့နော်။ ငါ ရိုက်သတ်ပစ်မှာ..."

"ဟာဗျာ... မေမေရာ။ မေမေ့သား အိန္ဒြေ ကူးငယ်ပါ။ သေချာကြည့်ပါဦး..."

ဟုတ်ပါသည်...
လက်ထဲမှ ရှိနေသည့် ဓာတ်မီးအလင်းရောင်အကြား ပေါ်လာသည့် ကိုယ့်သား၏ မျက်နှာ။ အမလေးလေး... ကိုယ့်မွေးတဲ့ သားကို ကိုယ်တိုင် ပြန်သတ်မိတော့မလို့...။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now