d o s

281 50 13
                                    

ခြေလှမ်းများ ခပ်ဖြည်းဖြည်းရွေ့လာရင်း စတူဒီယိုခန်းထဲဝင်လာခဲ့သည်။ သူတိတ်တခိုးသဘောကျနေသည့် သူ့သူငယ်ချင်းက အခုထိသူ့ကိုမမြင်သေးဘဲ နံဘေးက ဘယ်သူမှန်းမသိရသေးသည့် ယောက်ျားတစ်ယောက်နှင့် စကားပြောနေတာဖြစ်ပြီး ပြုံးလည်းပြုံးနေသေးသည်။

အခုတော့ သူ့ကိုမြင်သွားပြီ။
သူကလည်း မြင်သွားပြီ။ ဒါပေမဲ့ မီဆူ့ကိုတော့မဟုတ်။

ဟီဆွန်းစိတ်တို့ အနည်းငယ်ရှုပ်ထွေးသွားရင်း ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သည်။ ဒါက မသွားရဲလို့လည်း မဟုတ်။ မသွားချင်လို့လည်း မဟုတ်။

"ဟီဆွန်းနား လာလေ
ဘာရပ်လုပ်နေတာ"

မီဆူက သူ့ကိုလှမ်းခေါ်လိုက်ပေမဲ့ အာရုံက တခြားတစ်ယောက်ဆီကို ရောက်သွားခဲ့မိသည်။

သူတွေ့ခဲ့ဖူးပြီးသော လှပစွာကွေးညွတ်နေတဲ့နှုတ်ခမ်းစွန်းတွေ။ ပြုံးလိုက်တိုင်း ရယ်လိုက်တိုင်း မို့တက်သွားတဲ့ ပါးမို့မို့တွေ။ မှားယွင်းစရာ မရှိ။ ရှင်းမ်ဂျယ်ယွန်းပဲ ဖြစ်သည်။ လက်မထပ်ချင်လို့ ထွက်ပြေးလာသည့် အရူးကောင်လေး၊ သူ့ကို ရည်းစားစကားပြောခဲ့သည့် အရူးကောင်လေး။
ဟီဆွန်းသက်ပြင်းတစ်ချက်ချလိုက်ရင်း အနားကိုလျှောက်သွားလိုက်သည်။

"ပြန်တွေ့ကြပြန်ပြီနော်"

ဟီဆွန်း သူ့စကားကိုအဖက်မလုပ်သော်ငြားလည်း သူကတော့ ပြုံးမြဲအတိုင်းပြုံးနေခဲ့သည်။

ထပ်မတွေ့ကြရအောင်လို့ ပြောခဲ့လျက်သားနှင့်၊ သဘောတူချက်လည်း ပေးထားခဲ့လျက်သားနှင့် ဒီကောင်လေးကို ဘာလို့ထပ်တွေ့နေရတာလဲ ဟီဆွန်းမသိပါ။ အရမ်းစိတ်ညစ်ဖို့ကောင်းသည်။ အံ့ဩသွားသည့် မီဆူကတော့ သူ့ကိုပြောပြသည်။ ရှင်းမ်ဂျယ်ယွန်းက သူ့ရဲ့အသိမောင်လေးဖြစ်ပြီး ဒီကို စန္ဒယားတီးသင်ချင်လို့ ရောက်နေသည်တဲ့။

မီဆူနဲ့သိတယ်ဆိုပြီး အရင်က ဒီကိုလာနေတာလည်း မတွေ့မိပါဘူး။ ထားပါတော့၊ Aussieမှာ သွားနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။

eres tan lindo Where stories live. Discover now