u n o

612 50 17
                                    

(a/ n- ဤစတိုရီထဲမှ အကြောင်းအရာ၊ နေရာနှင့် အခြား ပါဝင်သောလုပ်ငန်း လုပ်ရပ်အချို့သည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်၍ စိတ်အနှောင့်အယှက်ဖြစ်စေရန် မရည်ရွယ်ပါ။)

p.s. Yyunnie-Unnie... i little hope you probably like my beautiful present. and please read slowly unnie. heehee ;> ෆ

..........

thank you for coming
and thanks for save me
thank you for choosing me
and loving me

- U (kido3008)
.
.

မှန်ထဲက အရယ်အပြုံးကင်းမဲ့နေသောလူကို သူကြည့်လိုက်မိသည်။ ဆူညံသံများအား ဝင်လာခွင့်ပြုမထားသည့် သည်နားနေခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လူအများကြီးမရှိ။

မှန်ထဲက အရယ်အပြုံးကင်းမဲ့နေသောသူ့ကိုယ်သူ ကြည့်လိုက်မိသည်။ ချောင်ကျသွားသည့်မျက်နှာနှင့် ဖြူဖတ်ဖြူရော်အသားအရည်က လက်တွေ့ကျကျတွဲဖက်လျက်ရှိပြီး အကြောင်းအရင်းကတော့ ဘာမှသိပ်မစားဖြစ်တာကြောင့်ဖြစ်မည်။ ဘာမှသိပ်မစားဖြစ်သည့်အကြောင်းအရင်းကတော့ တရားမျှတမှုမရှိသည့် အဖေတစ်ယောက်၏ နှစ်ကြိမ်သုံးကြိမ်လောက်သာ တွေ့ဆုံဖူးသော အမျိုးသမီးတစ်ဦးကို လက်ထပ်ရမည်ဆိုသည့် အမိန့်တစ်ခုကြောင့်သာလျှင်။

လက်ထပ်ပွဲကလည်း မျက်စိတမှိတ်အတွင်း ဒီနေ့မှာတင် ရောက်လာခဲ့ပြီ။ မဟုတ်၊ ခဏနေရင်ကိုပင် ရောက်ပြီ။ ရှင်းမ်ဂျယ်ယွန်း၏ဆန္ဒ တစ်စိုးတစ်စိတောင်မျှမပါလျှင် လက်ထပ်မင်္ဂလာပွဲဆိုသည်မှာ နည်းနည်းတောင်ပျော်ဖွယ်ရာရှိမည်မဟုတ်။

ဖြစ်တောင်ဖြစ်လာမည် မဟုတ်။

သူ့အပေါ်တစ်ကိုယ်လုံး အပြည့်ခြုံ၍မြင်နိုင်သည့် မှန်ချပ်၏နံဘေးဘောင်က မီးလုံးအလင်းရောင်များကြောင့် ဂျယ်ယွန်းအာရုံနောက်လာ၍ make-up artist မိန်းကလေးအား ခဏလောက်လေညင်းခံချင်လာကြောင်းပြောပြီး အပြင်ထွက်လာခဲ့သည်။

အခန်းထဲက ထွက်လိုက်သည်နှင့် လုံးထွေးကာ မသဲမကွဲကြားနေရသည့် အသံများက နားထဲ စိတ်ပျက်စရာကောင်းစွာ ရောက်လာ၏ ။

eres tan lindo Where stories live. Discover now