Part(4)

1.3K 52 9
                                    

ဆောင်းအဝင်မို့  အဝေးပြေးလမ်းမပေါ် ကားမောင်းရတာ သိပ်တော့အဆင်မပြေလှ၊  မြူတွေဆိုင်းနေတာကြောင့်  မိုးည ကားကို သတိထားမောင်းနေ ရသည်။ ရန်ကုန်ကနေ တောင်ကြီး သွားတာမို့ တညလုံး နီးပါးလောက် မောင်းရမယ့် ခရီးစဉ်ဖြစ်သည်။
'ကိုကို အိပ်ချင်ရင်ပြော သူမောင်းပေးမယ် ' ဆိုတဲ့ သကောင့်သားကတော့ ကားထွက်တာ တနာရီ မပြည့်သေး ဘေးနားကနေ သိုးနေအောင် အိပ်လို့နေသည်။

မိုးည ကားခဏ ရပ်ကာ နောက်ခန်းထဲမှာ ရှိတဲ့ စောင်ကိုယူပြီးခြုံပေးလိုက်တော့ အင်းအင်းအဲအဲ လုပ်‌ပြီး ပြန်အိပ်ပျော်သွားသည်၊ ဒီပုံစံအရဆို ဆင်တက်နင်းတောင် နှိုးမယ့်ပုံမပေါ်တာကြောင့် ဒီ တညလုံး ကားကို သူသာ မောင်းရကိန်းရှိသည်။ မိုးည အိပ်မငိုက်အောင် ကော်ဖီသောက်ရင်း ကားစက်နှိုးကာ ခရီးဆက်‌တော့သည်။

တောင်ကြီး တောင်ပေါ်တက်ခန့်နီးလာတော့ မိုးလင်းစပြုလာသည်။ သို့ပေမဲ့ ပတ်ဝန်းကျင်ကတော့ မှောင်ရီပျိုးနေဆဲပင်၊ ဒီအချိန် တောင်ပေါ်တက်လို့ အဆင်မပြေတာကြောင့် ကားကို လမ်းဘေးထိုးရပ်ကာ သူပါ တရေးလောက် အိပ်ဖို့ ပြင်လိုက်သည်။ တစ်လမ်းလုံး အိပ်လာတဲ့ ဟန်တစ်ယောက်ကတော့ အခုထိ တုတ်တုတ်မှလှုပ်ခြင်းမရှိပေ ။



ဟန် တစ်ယောက် ဘယ်နေရာ ရောက်နေလဲ မသိပါ၊
ဘေးနား ပတ်ပတ်လည်မှာ အနက်ရောင်ပန်းရှိုင်းခင်းတွေနဲ့ ပိတ်မှောင်နေပြီး လမ်းထွက်ပေါက်ကို သူမတွေ့ပါ။
(A/N - သာသာ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ လူတွေကအိပ်မက်မက်တဲ့အခါ အိပ်မက်ထဲကအရောင်တွေကို မီးခိုးရောင် ၊ အဖြူ‌ရောင်နဲ့ အနက်ရောင် အနေနဲ့သာ မြင်နိုင် မှတ်မိနိုင်ပါတဲ့ ၊ သာသာလည်း အိပ်မက်ပြီး နိုးလာရင် ထိုအရောင်တွေကိုပဲ မှတ်မိပါတယ်။ ဒါကြောင့် အခု ဟန် အိပ်မက်တခုလုံးမှာ ပန်းခင်းကစ မှိန်းမှောင်နေတဲ့ အရောင်တွေနဲ့သာ ဖွဲ့စည်းထားပါသည်။)

ရှေ့နား‌ဆက်သွားလိုက်တော့ ကိုကိုက ကျောခိုင်းလျက် ရပ်နေတာကို တွေ့လိုက်ရသည်။

ကိုကို့အနား သူသွားချင်သော်လည်း မမြင်နိုင်တဲ့ အားတစ်ခုက ဆွဲလို့ ထားတာကြောင့် သူ ကိုကို့ဆီ မရောက်နိုင်၊ ပါးစပ်ကနေ အော်ခေါ်တော့လည်း အသံက ထွက်မလာ၊
ထို့နောက် ကိုကိုက သူရှိတဲ့ ဘက်ကို လှည့်လာပြီးနောက် နာနာကျည်းကျည်း အကြည့်တို့နဲ့ ကြည့်လာပြီး သူ့ထံ ပါးစပ်ကလည်း တစ်စုံတရာကို ပြောလာသည်...
လေတိုးသံတွေကြောင့် ဟန် မကြားနိုင်ပါ...
ထို့နောက် ကိုကိုက သူ့ကို ကျောပြန်ခိုင်းတာ အဝေးဆုံးကို ပြေးထွက်လို့ ‌သွားသည်။
သူပြေးလိုက်သည်၊ သို့သော် ကိုကို့အနီး မရောက်နိုင်ပါ.....
ရုတ်ချည်းသလို...
လေတိုးသံတွေက ကျယ်‌လောင်လာသည်...
လေတိုက်ခတ်နှုန်းက အရှိန်ပြင်းလာသည်...
ကိုကိုနဲ့ သူရဲ့ အကွာအဝေးကလည်း ဝေးကွာလို့လာသည်....
ဟန် မောဟိုက်လာတာကြောင့် ဆက်မပြေးနိုင်ဘဲ လဲကျလို့သွားခဲ့သည်...
ကိုကိုက တစက်လေးတောင် လှည့်ကြည့်မလာခဲ့ပါ...
ဟန် နှလုံးသားတွေ နာကျင်လာတာမို့ နောက်ဆုံး လက်ကျန်အားနဲ့ သူအော်လိုက်သည်။

HAN(ဟန်)Where stories live. Discover now