ဒီနေ့သည် မိုးညစေညွှန်ရဲ့ မွေးနေ့ဖြစ်ပေသည်။
မိုးည ကိုယ့်မွေးနေ့မှာ ဟန်နဲ့ အတူတူ အချိန်ကုန်ဆုံးချင်တာမို့ ရုံးကနေ စောစောပြန်ခဲ့ပေမဲ့
ထင်တဲ့အတိုင်းပင် ဟန်တစ်ယောက် အိမ်မှာ မရှိခဲ့ပေ၊
ဘာကိုမှ အလေးအနက်မထားတဲ့ ဟန်တစ်ယောက်အကြောင်း သိနေပြီးသားဖြစ်ပေမဲ့၊ ယခင်နှစ်တွေကလိုဒီနှစ်တွင်လည်း မိုးညမွေးနေ့ကို မမှတ်မိတာမို့ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။သို့ပေမယ့် ထိုစိတ်သည် ခဏသည်သာ....
ဟန် မမှတ်မိလည်း ဘာဖြစ်လည်း
ဟန်ပြန်လာရင်လည်း မွေးနေ့ကို အတူတူကျင်းပလို့ ရတာပဲ ဆိုတဲ့ စိတ်နဲ့ မိုးည မီးဖိုချောင်ထဲ ဝင်ကာ ဟင်းချက်ခြင်း အလုပ်ကို စတင်ခဲ့သည်။2နာရီလောက် ဟင်းတွေ ချက်ပြုတ်ပြီး ရေသွားချိုးကာ ဆင်းလာသည်အထိ ဟန် မရောက်သေးပါ၊
အချိန်ကြည့်တော့ ညနေ 6နာရီတိတိ.....မိုးည ဧည့်ခန်းမှာ စောင့်နေရင်း ငိုက်လာသည်မို့ ခဏ အိပ်ပျော်သွားစဉ်၊ အိမ်ရှေ့မှာ ကြားလိုက်ရတဲ့ ကားစက်သံကြောင့် ဆတ်ခနဲ လန့်နိုးသွားသည်။
ထို့နောက် မရှေးမနှောင်း ဧည့်ခန်းထဲသို့ မှုန်ကုတ်ကုတ်နဲ့ ဝင်လာသည့် ဟန်....
"ကိုကို ပြန်တောင်ရောက်နေပြီလား
ဟန် ဒီနေ့ နည်းနည်းနောက်ကျသွားတယ်...""ရောက်တာ မကြာသေးဘူး
ဗိုက်ဆာနေပြီမလား ညစာစားကြရအောင်...""တော်ပြီ ကိုကို ဟန်စားခဲ့ပြီ..."
"မင်းကို အပြင်စာတွေ မစားနဲ့လို့ ကိုယ် ဘယ်နှခါ ပြောရမှာလဲ..."
"သူငယ်ချင်းတွေ အတင်းခေါ်သွားလို့ပါ၊
ဟန် ပင်ပန်းနေလို့ ရေအရင်ချိုးလိုက်အုံးမယ်နော် ကိုကို..."ပြောပြီးတာနဲ့ လှေကားပေါ် တက်မလို လုပ်နေတဲ့ ဟန်ရှင်းကို...
"ဆက်ဟန်ရှင်း ဒီနေ့ ဘာနေ့လဲ သိလား..."
"ဒီနေ့က July 8ရက်နေ့လေ ကိုကို ၊ အရေးကြီးတာ ရှိလို့လား ...."
မိုးည ထင်တဲ့အတိုင်းပဲ ဟန် သူ့မွေးနေ့ကို မမှတ်မိဘူး....
"မရှိဘူး၊ သွားလို့ရပြီ..
ရေချိုးပြီးရင် ပြန်ဆင်းခဲ့ ညစာ အစောစားခဲ့လည်း ပြန်စားရမယ်၊ ဒီနေ့ ကိုယ် ကိုယ်တိုင် ချက်ထားတာ..."