ငယ်ချစ် (၅)

619 89 19
                                    

"Phuwin Norawit အခုချက်ချင်းဆင်းလာခဲ့စမ်း"

မေမေ့အော်သံကြောင့် ဂစ်တာတီးဖို့ကြိုးညှိနေတဲ့ Phuwin တစ်ယောက်ဇတ်ကလေးပုသွားသည်။
ကုတင်ပေါ်မှောက်ခုံမှောက်ရင်း ဂိမ်းဆော့နေတဲ့ Gem က Phuwin ကိုဘာတွေမွှေထားလဲဆိုတဲ့ ပုံစံနဲ့မေးဆတ်ပြတော့ Phuwin ကပုခုံးပြန်တွန့်ပြသည်။

အဓိပ္ပာယ်ကတော့ ငါဘာမှမသိပါဘူး ပေါ့။

"အခုဆင်းမလာရင် ငါလူမလာဘူးကြိမ်လုံးလွှတ်လိုက်မယ်နော်"

"လာပြီမေမေ"

Phuwin မေမေကြားအောင်လှမ်းအော်ရင်းကုတင်ပေါ်မှာမှောက်နေတဲ့ Gem ရဲ့တင်ပါးကိုခြေဖျားနဲ့လှမ်းကလော်လိုက်ကာ

"မင်းလဲလိုက်ခဲ့ ငါတစ်ယောက်ထဲမသွားရဲဘူး"

"ဟာ မလိုက်ချင်ပါဘူး ငါလိုက်ရင် ငါပါမင်းနဲ့ရောပြီးအရိုက်ခံရလိမ့်မယ် ကိုယ့်ဘာသာသွား"

"အေးရတယ်နော်ညီညီ မင်းမလိုက်ရင် မေမေမရှိတုန်း မင်းနဲ့ဖေဖေနဲ့ ဘန်ဂလိုက ဘားမှာအရက်သွားသောက်တာငါပြန်တိုင်မှာနော်"

"ဘာအရက်မှမသောက်ဘူး ကိုယ့်အိမ်ကစီးပွါးရေးကိုသွားလေ့လာတာ လူကိုများစွပ်စွပ်စွဲစွဲ"

"လာညာမနေနဲ့ ငါဖေဖေ့ကိုမေးပြီးသွားပြီ ဖေဖေကမင်းလည်းကော့တေးသောက်တယ်တဲ့"

Phuwin စကားကြောင့် Gem မျက်လုံးပြူးသွားသည်။
နှစ်ယောက်ထဲပဲသိမယ်လို့ကတိပေးထားပြီးတော့ ဖေဖေကဘာလို့ ဒီကောင့်ကိုသွားပြောလိုက်တာလဲမသိ ။
ဒါသွေးရိုးသားရိုးတော့မဖြစ်နိုင်။

"မင်းဖေဖေ့ကိုဘယ်လိုတွေသွားမေးလိုက်တာလဲ"

Gem ရဲ့အမေးကို Phuwin က မင်းငါ့ထက်ငါးမိနစ်ကြီးများတောင်ငယ်ပါသေးတယ်ငါ့ညီရာ ဆိုတဲ့အထာနဲ့ တခြမ်းစောင်းကြီးပြုံးပြီးကြည့်သည်။

"ဘယ်လိုမေးရမှာလဲ အမှန်တိုင်းမဖြေရင် ဖေဖေ Reception က အစ်မတွေကိုမုန့်ဖိုးပေးတာ မေမေနဲ့ပြန်တိုင်မယ်လို့ပြောလိုက်တာပေါ့ကွ
ဟင်း.....ဟင်း.....ဟင်း
မင်းနဲ့ဖေဖေနဲ့လည်တယ်ဆိုတာ ငါအိပ်နေသလောက်ပဲရှိပါသေးတယ် ညီညီရာ"

ငယ်ချစ်जहाँ कहानियाँ रहती हैं। अभी खोजें