ငယ်ချစ် (၃)

519 91 29
                                    

"Phuwin"

"ဟင်"

"Gem ဘယ်သွားလဲ"

အခုမှ toilet ကပြန်လာတဲ့ Fourth က သင်္ချာငုံ့တွက်နေတဲ့ Phuwin ရဲ့ကျောကို ဖွဖွပုတ်ရင်းမေးသည်။

"ကျောင်းအုပ်ကြီးကခေါ်လို့ ရုံးခန်းထဲခဏသွားတယ်"

"တစ်ယောက်ထဲလား"

"အတန်းခေါင်းဆောင်လည်းပါတယ်"

"မင်းကဘာလို့လိုက်မသွားတာလဲ"

"ငါကစာမှမပြီးသေးတာ ကျောင်းအုပ်ကြီးကစာပြီးတဲ့သူပဲခေါ်တာ"

"ငါ့ကြတော့မခေါ်ဘူး"

"ညီညီကမင်းကိုစောင့်‌သားပဲ မင်းကတစ်ချိန်လုံး သေးပဲသွားပေါက်နေတာကိုး"

"ဟွန့်"

သေးပေါက်တာအပစ်လား။
Fourth မကျေမနပ် နှာမှုတ်ရင်းစားပွဲပေါ်ခေါင်းလေးစောင်းတင်ကာအိပ်လိုက်သည်။
အဲဒီ‌အတန်းခေါင်းဆောင်ဆိုသည်မှာလဲ အခွင့်အရေးရတာနဲ့ Gem နားကိုကပ်ဖို့ပဲအမြဲချောင်းနေတာပဲ။

"ဟွန့်"

တခြားသူတွေထက် Gem ကိုအရမ်းအခွင့်အရေးပေးပြီး လိုတာထက်ကိုပိုအရောဝင်ချင်သည်။
မိန်းကလေးတန်မဲ့နဲ့ Gem ကိုဆိုသိပ်ပရောပရီလုပ်လွန်းသည်။
Fourth သူ့ကိုလုံးဝကြည့်လို့မရပေ။ လှ ကလည်း လှသေး။

"ဟွန့်"

"ဘာဖြစ်နေတာလဲ တ ဟွန့် ဟွန့် နဲ့ သွေးဆုံးကိုင်နေတာလား"

"မင်းကြီးတော်ကြီးကိုသွေးဆုံးကိုင်ရမှာလား"

"အလကားနောက်တာပါကွာ မင်းသဝန်တိုနေတာမလား"

"တိုတာပေါ့ကွ "

"အဲ့ဒါဆိုလည်းမြန်မြန်ဖွင့်ပြောလိုက်တော့လေ မင်းကကိုယ်တိုင်ကျတော့ဖွင့်မပြောဘူး ငါပြောပေးပါ့မယ်ဆိုတော့လဲမဟုတ်ပြန်ဘူး ဘာတွေအဲ့လောက်တွေဝေနေမှန်းမသိဘူး"

Phuwin စကားဆုံးတော့ Fourth ကသက်ပြင်းကို ဟူး ခနဲချရင်းထိုင်ခုံကိုခြေပစ်လက်ပစ်မှီချလိုက်သည်။

"ဖွင့်ပြောတာကလွယ်တယ် မလွယ်တာက ငါ့ကို Gem ဘယ်လိုသဘောထားလဲဆိုတာသိဖို့ပဲ
ငါဖွင့်ပြောလိုက်မှ Gem ကငြင်းလိုက်ရင် ငါ့မှာအခင်ဆုံးသူငယ်ချင်းတစ်ယောက်ကိုရော အချစ်ဆုံးလူကိုပါတစ်ပြိုင်ထဲဆုံးရှုံးရမှာ အဲ့လိုဖြစ်မှာငါအကြောက်ဆုံးပဲ"

ငယ်ချစ်Where stories live. Discover now