ငယ်ချစ် (၁)

1.2K 111 44
                                    

ဒီမှာ ကိုကိုကြီး"

ကောင်တာကို ဗြန်းခနဲပုတ်ပြီးခပ်စောင့်စောင့်ခေါ်လိုက်တဲ့ကောင်လေးကြောင့် Pond သေချင်စော်နံသွားသည်။
ဘာမွှေအုံးမလို့လဲမသိ.....။

နောက်ကတစ်ယောက်ကလဲမျက်နှာကို ဇွတ်တင်းထားပြီး ခါးကထောက်ထားလိုက်သေးသည်။

အဝါရောင်နုနုတီရှပ်အပွနဲ့ ကာကီရောင်ဘောင်းဘီ ဒူးအကျကိုဆင်တူဝတ်ဆင်ထားကာ ထော်ပါတယ်ဆိုတဲ့နှုတ်ခမ်းတွေကို တမင်တကာပိုထော်ပြီး မျက်မှောင်တွေကျုံ့ရင်း Pond ကိုစိုက်ကြည့်နေကြတဲ့အမွှာနှစ်ကောင်က အစာမဝသေးတဲ့ဘဲပေါက်နှစ်ကောင်သခင်ကိုရန်လုပ်‌တဲ့အတိုင်း။
အမြင်ကပ်စရာလေးတွေ

"ဘာတုန်းကွာ....."

Pond ကိတ်မုန့်တွေကို ကောင်တာဘေးက မှန် show case လေးထဲစီထည့်ရင်း စိတ်ကုန်တဲ့လေသံနဲ့ပြန်ထူးလိုက်သည်။

"ကိုကိုကြီး ကျွန်တော့်ကိုဘယ်တော့ပြန်ကြိုက်မှာလဲ"

"ဟုတ်တယ် ကိုကိုကြီး ကျွန်တော့်ကိုကို ကိုမြန်မြန်ပြန်ကြိုက်လိုက်တော့"

အောင်မာ လာ လာချည်သေး။ အသက်တွေကြည့်တော့ဖြင့်နှစ်ယောက်ပေါင်းလို့ သုံးဆယ့်ငါးမပြည့်သေး။
စကားပြောတဲ့ပုံက မာဖီးယားလိုလို ဘာလိုလို။
အစ်ကိုလုပ်တဲ့သူက ရည်းစားစကားကိုအကြွေးတောင်းသလိုလာ‌ပြောနေပြီး ညီဖြစ်သူအချိုးကလဲ အကြွေးရှင်နောက်ကလိုက်တဲ့လူမိုက်အထာနဲ့။
တစ်ယောက်တစ်ချက်စီခေါင်းပိတ်ခေါက်ပေးလိုက်ရရင်တော့မကောင်းရှိတော့မယ်။

"မင်းတို့နှစ်ယောက် Fourth ကိုလာခေါ်တာမလား အနောက်မှာရှိတယ် ခေါ်ပြီးမြန်မြန်သွားကြတော့ ငါ့ကိုပြဿနာမရှာကြနဲ့"

"ကိုကိုကြီး စကားလမ်းကြောင်းမလွှဲပါနဲ့ ကျွန်တော် ကိုကိုကြီးကို ဖွင့်ပြောထားတာဖြင့်ကြာလှပြီ
အခုထိအဖြေမပေးပဲနဲ့ ဘာဖြစ်လို့အဲ့လောက်မူနေရတာလဲ
ကျွန်တော်ကချောလည်းချောတယ်အိမ်ကလည်းချမ်းသာတယ်
ကျွန်တော့်မှာဘာတွေများချို့ယွင်းနေလို့လဲ"

"ဟုတ်တယ် ကိုကိုကြီး
ယောက်ျားပဲ ကြိုက်ရင်ကြိုက်တယ် မကြိုက်လည်းကြိုက်တယ် ပြောလိုက်ပေါ့
ဘာလို့အလကားသက်သက်အချိန်ဆွဲနေတာလဲ
ဒီကမ္ဘာမှာကျွန်တော့်ကိုကိုကလွဲပြီး ကိုကိုကြီးကိုကြိုက်တဲ့လူရှိတော့တာလဲမဟုတ်ပဲနဲ့"

ငယ်ချစ်Where stories live. Discover now