လမ်းခွဲ

11 1 0
                                    

စိတ်လှုပ်ရှားစရာအတိ
လေးနက်ခြင်းတွေပြည့်နှက်
စိတ်ဝင်စားဖွယ်ကောင်းတဲ့ဆက်ဆံရေးတစ်ခု
မျက်လုံးစုံမှတ်လို့ဇွတ်တိုးဝင်ခဲ့တယ်

ခံယူချက်တွေခြားနား
ခံစားချက်တွေနားလည်ရခက်စွာနဲ့
မာနတွေကြီးစိုးကြရင်း
သုံးနဲ့လေးလိုဥပေက္ခာပြုခဲ့ကြတယ်

နားလည်မှုတွေရဲ့အဝေး
အတွေးလွန်‌ရွက်လွင့်ကြရင်း
အေးစက်လာရာကစအေးခဲစပြုလာတယ်
ကျွတ်ဆတ်လာတဲ့အခါကွဲရှလွယ်သွားတယ်

အမုန်းတွေမပါပဲ
အကြောင်းပြချက်ကိုယ်စီနဲ့ကျောခိုင်း
အရမ်းရင်းနှီးသွားရာကတစ်ဆင့်
ပြန်လည်ပြီးတစ်စိမ်ဆန်သွားကြရပြန်တယ်

ဦးတည်ချက်တွေလွဲ
ဘာတွေမျှော်မှန်းလျှောက်ခဲ့ကြပါသလဲ
အဆုံးသတ်ကသွေးဖယ်ခဲ့တာလား
လမ်းခွဲရဖို့မဖြစ်မနေပါလာတဲ့ကံကြမ္မာလား

အာရုံထွေပြားပြဿနာများစွာကြား
သေသေချာချာကြားသိစေချင်တယ်
ရင်ခုန်သံတွေမှန်ကန်ခဲ့ပြီး
ဒီကလူကိုချစ်မြတ်နိုးဖူးပါသလား

#Y

မှင်စက်များရဲ့စေနှင်ရာWhere stories live. Discover now