အေးစက်လာတဲ့အခါ ထွေးဖက်ပေးမယ့်ရင်ခွင်မလိုပါဘူး
ငါ့ကိုယ်ငါပွေ့ဖက်မယ် အနဲဆုံးတော့အနွေးဓာတ်သဲ့သဲ့ငါခံစားနိုင်တယ်ပြိုလဲတဲ့အခါ ထူမတ်ပေးမဲ့လက်တွေမလိုပါဘူး
ကူထောက်ပြီးကုန်းထလို့ရနိုင်မယ့်လက်တွေငါ့မှာရှိတယ်ငိုယိုဝမ်းနဲရတဲ့အခါ မျက်ရည်သုပ်ပေးလာမဲ့သူမလိုပါဘူး
ငါ့ရဲ့အင်္ကျီက ငါ့မျက်ရည်သုပ်မယ့်အကောင်းဆုံးတာဝါပါပဲအထီးကျန်တယ်ခံစားရတဲ့အခါ အဖော်ပြုပေးမယ့်သူမမျှော်လင့်တော့ဘူး
ငါ့မှာရုပ်နဲ့နာမ်ဆိုတာနှစ်ကို့တစ်စိပ်မို့ ရုပ်တရားကိုနာမ်ကကြည့်ရှုဆင်ခြင်စေမယ်လောကမှာဘာတွေပဲကြုံရကြုံရ အဖော်မပါလဲဖြစ်တယ်
ငါ့ရဲ့ရုပ် ငါ့ရဲ့နာမ် တစ်ဦးနဲ့တစ်ဦးအဖော်ပြုထွေးဖတ်ထားကြလိမ့်မယ်ရင်ဆိုင်ဖြေရှင်းရခက်လို့ အဆုံးသတ်နီးလာတဲ့အခါ
ဒီရုပ်ဒီနာမ်တောင်ခွဲခွာရမှာပဲ ဘာလို့များမရေရာခြင်းတွေရှာဖွေရမှာပါလဲအဆင်ပြေပါတယ် နှစ်သိမ့်စရာတွေမလိုပဲနေတတ်လာတဲ့အခါ
ဘဝကခြောက်ကပ်ရင်တောင် ပူလောင်မနေတော့တဲ့အခါ
အနဲဆုံးတော့နေပျော်လာမှာပါ...#24,11,22
#8:00pm
YOU ARE READING
မှင်စက်များရဲ့စေနှင်ရာ
Non-Fictionစိတ်ကူးရသလိုရေးထားတဲ့ကဗျာလေးတွေတစ်ပုဒ်ချင်းတင်မယ်။အမှတ်တရသိမ်းထားမယ်။