သူရေ...

1 0 0
                                    

သူရေ
အကြွေပန်းကိုနမ်းချင်နမ်းပါ
ရနံ့မရှင်းတဲ့ပန်းခြွေလှည့်ချင်ခြွေပါ
ကျွန်မကိုချစ်ပါ

သူရေ
အရေးပေါ်အရာထင်မသူတော်နေရာပေးချင်ပေးပါ
ပျော်ပါးပွေ့ဖက်‌ရော‌ထွေးယှက်တင်နေချင်လျှင်နေလှည့်ပါ
ကျွန်မကိုပြစ်မထားပါနဲ့

သူရေ
ရင်ဘတ်ကြီးလို့အပြိုင်ထားချင်ထားပါ
အလိုကြီးလို့အပျော်ကြူးချင်ကြူးပါ
ကျွန်မကိုမနာကြင်ပါစေနဲ့

သူရေ
မာန်မာနများဒေါသကြီးထွားချင်ကြီးထွားပါစေ
အတ္တတွေထားအတွေးများကာချုပ်နှောင်ထားပါစေ
ကျွန်မကိုစိတ်မနာရပါစေနဲ့

သူရေ
စိတ်ကြိုက်ပျော်ပါးဆော့ကစားပါ
မူးမိုက်မွေ့လျှော်မေ့လျှော့ချင်မေ့လျှော့ပါလေ
ပြန်ကြည့်လို့ကျွန်မ မရှိတဲ့အခါသတိမရပါနဲ့

#Z

မှင်စက်များရဲ့စေနှင်ရာWhere stories live. Discover now