Part - 12

1K 93 12
                                    

Unicode

ဆိုးလ်အရှေ့ပိုင်းဆေးရုံရဲ့ ဝင်ပေါက်ရောက်တာနဲ့ jungkook တက်စီပေါ်ကအမြန်ဆင်းကာ ဆေးရုံထဲအမြန်ပြေးဝင်၏ ။ ခြေလှမ်းတွေမြန်နေတာနဲ့အတူ စိတ်ပူနေတာကြောင့် မျက်နှာကပါခက်ထန်နေရသည် ။

ဆေးရုံရဲ့လူနာလက်ခံဋ္ဌာနကိုတွေ့တော့
" ဒိမှာ Kim seokjin ရှိလားအခန်းနံပါတ်ဘယ်လောက်လဲ "

နာစ်မလေးက မျက်မှောင်ကြုတ်ရင်း jungkook ကိုမော့ကြည့်ကာ
" လူနာနဲ့ဘယ်လိုပက်သက်ပါသလဲ "

စိတ်မရှည်တဲ့ jungkook မှာကောင်တာပေါလက်တင်ရင်းအသက်ပြင်းပြင်းရှုပီးမှ
" ကျွန်တော်က သူ့ချစ်သူပါ "

နာစ်မလေးပေးတဲ့အခန်းဆီတက်လာရင်း jungkook ခန္တာကိုယ်မှာချွေးတွေပါစီးကျလာရသည် ။ ဘယ်ထွက်သွားမှန်းမသိထွက်သွားပီး ဖုန်းခေါ်တော့လည်းမရ ၊ သူ့ဆီ seokjin ဆီကဖုန်းဝင်လာတော့လည်းတစ်ဖက်က မကြားဖူးတဲ့ယောက်ကျာ်းအသံဖြစ်နေပီး ဘာဖြစ်တာလဲမပြောပြဘဲဆိုး ဘ်အရှေ့ပိုင်းဆေးရုံမှာ seokjin ရှိနေတယ်လို့ပြောကုဖုန်းချသွားသည် ။ ကြားကြားခြင်း သူ့မှာမျက်လုံးတွေပါပြာထွက်ရသည် ကိုယ့်ကိုကိုယ်များတစ်ခုခုလုပ်လိုက်တာလားဆိုပီး ..

နောက်တော့ taehyung ကပြောလာသည် seokjin ကဘာဘဲဖြစ်နေဖြစ်နေ သူ့ကိုယ်သူတော့ဘယ်တော့မှထိခိုက်အောင်မလုပ်ဘူးတဲ့ ၊ စိတ်အေးရုံကြံသေး ထွက်သွားတုန်းက နေမကောင်းဖြစ်နေတာကိုသတိရသွားတော့စိတ်တွေကပူလာရပြန်သည် ။ jungkook အခန်းနံမှတ် 128 ကိုဖွင့်လိုက်တော့ ပထမဆုံးမျက်လုံးထဲဝင်လာသည်က ကုတင်ပေါ်က လူနာဝတ်စုံနဲ့ seokjin မဟုတ် ၊ ကုတင်ဘေးကခုံမှာထိုင်နေသည့် ဝတ်စုံအပြည့်အနက်နဲ့အမျိုးသမီးဖြစ်၏ ။

ထိုအမျိုးသမီးကအသံကြောင့်ခေါင်းလှည့်လာမှ jungkook ခါးကိုချက်ချင်းမတ်မိသွားရသည် ။ seokjin နဲ့ 70 ရာခိုင်နှုန်းလောက်တူသည့်မျက်နှာနဲ့ ထိုအမျိုးသမီးက သူ့ကိုမျက်မှောင်ကြုတ်ကာခြေဆုံးခေါင်းဆုံးကြည့်နေသည်ကိုး၊ ဘယ်သူမှစကားစ​မပြောသည့် အခြေအနေမှာ ဆေးရုံခန်းလေထုကအနည်းအငယ်တော့ကိုးရိုးကားယားနိုင်နေ၏ ။

ဒါကြောင့် jungkook လည်ဂုတ်ကိုခပ်ဖွဖွပွတ်ရင်း စကားစပြောဖို့ပြင်တော့ ထိုအမျိုးသမီးကပါးစပ်ဟကာ အေးစက်တဲ့လေသံကအခန်းထဲထွက်လာ၏ ။
" မင်းက jeon jungkook လား "

You've reached the end of published parts.

⏰ Last updated: Jul 18, 2023 ⏰

Add this story to your Library to get notified about new parts!

TATTOO | jinkook | MMWhere stories live. Discover now