part - 7

812 88 12
                                    

Unicode

ဒိနေ့တော့အစောကြီးထဲကနိုးနေသည့် တက်တူးဆရာလေး မတရားစိတ်လှုပ်ရှားနေလေ၏ ။ ဘယ်လိုပြောရမလဲ မိဘတစ်ယောက်လိုခံစားရတယ်လို့ပြောရမလား ...

ပေါက်စီလေးကဒိနေ့မူကြိုကိုစတက်မှာဆိုတော့ သူတို့နှစ်ယောက်လုံးလိုက်ပို့မှာဖြစ်လေသည်။ ဒါကြောင့်မနေ့က တစ်ကူးတစ်က mall သွားကာဝယ်ခဲ့ရသည့် စတိုင်ပန်နဲ့ shirt အဖြူလေးကိုလူကြီးလူကောင်းနဲ့တူအောင်ဝတ်ထားလိုက်၏ ။ ဆံပင်တွေကတော့နဖူးပေါဘဲချထားလိုက်ကာ လွယ်နေကျအိပ်ထဲက ပိုက်ဆံအိတ်ကိုသာထုတ်ယူပီးလက်မှာကိုင်ထားလိုက်သည် ။

ကလေးကိုပထမဆုံးနေ့မှာအပျော်ရွင်ဆုံးဖြစ်စေချင်တာကြောင့် လွန်ခဲ့တဲ့နှစ်တွေထဲကဝယ်ထားပေးမဲ့သိပ်မစီးဖြစ်သည့် မာစီးဒိးအနက်ရောင်ကိုယူသွားဖို့ဆုံးဖြတ်လိုက်သည် ။ သူကဗီဒိုထဲက ကားသော့ကိုထုတ်ယူရင်း ထိပ်ပိတ်ဖိနပ် အညိုရောင်ကြိုးသိုင်းလေးကိုစီးလိုက်ကာ မှန်ထဲကြည့်တော့တကယ့်ကိုမရင်းနီးသည့်လူတစ်ယောက်ကိုမြင်လိုက်ရသလိုပင် ..

သူဒိလိုတွေမဝတ်ခဲ့တာနှစ်အတော်ကြာခဲ့လေပီး ၊ အထက်တန်းလွှာမိသားစုကဆိုတော့ စျေးကြီးပေးဝင်ရတဲ့ကျောင်းတွေမှာဒိလိုတွေချည်းဘဲဝတ်ခဲ့ရတာဖြစ်သည် ။ ငယ်ငယ်တုန်းကအချိန်တွေကိုမစဥ်းစားမိတာအတော်ကြာခဲ့ပေမဲ့အခုတော့ပြန်စဥ်းစားကြည့်တော့လည်း ထင်သလောက်မနာကျင်တော့ ၊ အချိန်တွေကကုစားသွားတာများလား ?

ကားမမောင်းတာကြာတော့အနည်းငယ်စိတ်လှုပ်ရှားနေပေမဲ့ seokjin လိုရာခရီးကိုတော့ရောက်လာခဲ့လေသည် ။ ကားဝင်လို့မရတဲ့လမ်းဖြစ်တာကြောင့်ရရာနေရာမှာဘဲကားရပ်ခဲ့ပီး ခြေကျင်လျှောက်လာလိုက်သည်။ မနက် 8နာရီဆိုတော့သိပ်နောက်မကျသေးသလိုသိပ်လည်းမစောတော့ .. ပေါက်စီလေးကြိုက်သည့်အိကြာကွေးနဲ့ပဲနို့ရောင်းသည့်ဆိုင်တွေ့တော့ တက်တူးဆရာလေးနှစ်ပွဲမှာလိုက်သည် ။

" လူချောလေး မင်းနဲ့ဟိုအိမ်ကကလေးနဲ့ကောင်လေးက ဘာတော်လဲကွယ် "
မျက်မှန်းတန်းမိနေကြဆိုပေမဲ့ ဒိနေ့မှထိုခပ်ထွားထွားကောင်လေးမပါလာတော့ စပ်စုသည့်အဒေါ်ကြီးကမေးနေခြင်း ..

TATTOO | jinkook | MMWhere stories live. Discover now