part - 3

908 93 5
                                    

Unicode

jungkook လွန်ခဲ့တဲ့တစ်ပတ်ကပြောခဲ့တဲ့စကားကိုတစ်ချိန်လုံးတွေးမိနေရင်း တက်တူးဆရာလေး tattoo ထိုးတဲ့ထဲစိတ်နှစ်လို့ရမရတော့ .. အချစ်ဆုံးအလုပ်က tattoo ထိုးခြင်းဖြစ်သလိုသူ့ဘဝတွင်ပထမဦးစားပေးကလည်း ပိုက်ဆံအထုတ်လိုက်နဲ့ tattoo လာထိုးတဲ့သူတွေချည်းဘဲဖြစ်၏ ။ အခုတော့ဒိလိုအရာကိုတောင်ဂရုမစိုက်နိုင်တော့  ..

ကြိုးစားကြည့်ချင်တယ်ဆိုတယ်ထိုသူရဲ့စကားကိုဘဲဘယ်လိုများအဖြေပေးရင်ကောင်းမလဲဆိုတာသာတွေးမိနေလေသည် ။ အတူအိပ်တဲ့လူနဲ့ဘယ်တော့မှဆက်ဆံရေးတစ်ခုတည်ဆောက်တက်တဲ့လူမဟုတ်တာကြောင့် တွဲမလားလို့မေးလာတော့လူတောင်အံအားင့်သွားရသည် ။ အစကတော့တစ်ရက်လောက်အတူအိပ်ပီးကိုယ့်လမ်းကိုယ်သွားဖို့စဥ်းစားထားတာလေ ..

သို့ပေမဲ့ jungkook ဆိုရင်တော့ချစ်သူနေရာမှာထားကာမြင်နိုင်လေသည် ။ အဘယ်ကြောင့်ဆိုသော ထိုလူကအမြဲသိမ့်မွေ့ပီးစကားပြောရင်လည်း အေးဆေးကာတစ်ဖက်သားအတွက်လည်းစဥ်းစားပေးတက်သည် ။ သို့ပေမဲ့ သုံးခေါက်ဘဲတွေ့ဖူးပီးတွဲတာဆိုတော့အရမ်းကြီးမြန်နေတယ်လို့ခံစားရပြန်ကော .. ဒါပေမဲ့လည်းသူဆိုတဲ့သူကဘာကိုမှဂရုစိုက်တာမဟုတ်ဘူးလေ ..

ပထမဦးဆုံးအကြိမ်တွေ့တဲ့လူနဲ့တောင်အတူအိပ်နိုင်တာကိုတွေးမိရင် သုံးခေါက်လောက်တွေ့ဖူးပီးတွဲတယ်ဆိုတာဘာမှမဆန်းကြယ်ပေ .. ပီးတော့ကိုယ်တိုင်လည်းထိုလူကိုတွေ့ရင် မခံစားဖူးတဲ့ခံစားချက်တွေအမြဲဖြစ်ပေါ်နေတာဘဲလေ ..

တွေးနေတာမှကြာအုံးမယ် စိတ်မရှည်တဲ့ seokjin ကတော့ဆွဲနေတဲ့ tattoo ပန်းချီကိုရပ်လိုက်ရင်းစုတ်တံကိုပစ်ချလိုက်ပီး ဝတ်ထားသည့်အေပရွန်အမဲလေးကိုပါချွတ်ပစ်လိုက်၏ ၊ ပီးမှ ခုံပေါတင်ထားတဲ့ဂျင်းဂျက်ကတ်ကိုယူဝတ်ရင်း ပိုက်ဆံအိပ်ထဲဂရုတစ်စိုက်ထည့်သိမ်းထားသည့် jungkook လိပ်စာကဒ်ကိုထုတ်ယူလိုက်သည်။ သွားရမှာသိပ်မဝေးတာကြောင့် အခုဘဲသွားဖို့ဆုံးဖြတ်လိုက်တော့၏ ။

ဆိုင်ကယ်မောင်းနေတာ မိနစ်သုံးဆယ်လောက်ကြာလာတော့ jungkook ပေးတဲ့လိပ်စာထဲကလမ်းစီသို့ရောက်လာလေသည် ။သို့ပေမဲ့ဒီက အများစုကအိမ်ပုလေးတွေဖြစ်ပီး ရှုပ်ထွေးတဲ့လမ်းကြဥ်းလေးတွေကြောင့် လမ်းကိုတော့ရှာမတွေ့ဖြစ်နေသည် ။ ဖုန်းဆက်ကြည့်ဖို့ကြဖုန်းနံပါတ်ကမယူထားမိတော့ seokjin ဆိုင်ကယ်ဦးထုတ်အောက်နေမျက်လုံးတွေသာလိမ့်လိုက်မိတော့၏ ။

TATTOO | jinkook | MMWhere stories live. Discover now