*~*~It's hurt to love you ~*~* (Part-1)

2.8K 182 10
                                    

Pairing - Yunho ,Jaejoong

Genre - Slightly rated , Romance ,Two shot

......................................................

ညနေ စောင်းပြီဆိုတာနဲ့.. Jaeajoong တစ်ယောက်​ ထုံးစံ အတိုင်း. အပြင်ကို.တမျှော်မျှော်လုပ်နေတော့သည်။..Yunho ရုံးက. ပြန်အလာကို စောင့်ရတာလည်း.သူ့ရဲ့ နေ့စဉ်. အလုပ်ပဲလေ..

အခုဆို Yunho ရဲ့ အိမ်မှာ. သူ နေတာ..နှစ်လ ကျော်သွားပြီ.

သူနဲ့ Yunho ချစ်သူ ဖြစ်ပြီး..ကတည်းက. Yunho က သူနဲ့ အတူတူ နေဖို့. ခွင့်တောင်း ခဲ့တာ... , ဒီလို နဲ့ပဲ သူတို့ နှစ်​​ယောက်​ အတူတူ ​နေဖြစ်​ခဲ့ကြပါတယ်​...

သူနဲ့.. အခုလို နေ ရတာက.. Jaejoong အတွက်တော့ အပျော်ရွင်ရဆုံး အချိန်တွေပဲပေါ့...

*DingDong...*DigDong..

အိမ်​​ရှေ့တံခါး ဆီက ဘဲလ်​ သံကို ကြားလိုက်​ရ​တော့..သူမျက်​နှာ​လေး အလိုလို ပြုံး​ပျော်​သွားသည်​။ ဝမ်းသာ အားရ နဲ့ အ​ပြေးသွားပြီး.. တံခါးကို ဖွင့်​ ကြည့်​လိုက်​​တော့.. သူ ​မျော်​လင့်​ ထားသလို Yunho မဟုတ်​... Youngmin ဖြစ်​​နေသည်​။...

Youngmin ကို မြင်လိုက်တော့...Jaejoong ရဲ့ ပြုံးရွင်နေတဲ့ မျက်နှာလေး ချက်ချင်း ညှိုးကျသွားသည်။..

Youngmin က Yunho ၏. အစ်ကို ဖြစ်သည်။ Yunho တို့ မိသားစု တစ်ခု လုံးက. သူနဲ့ Yunho ကို.လုံးဝ ခွင့် မပြု..ဂုဏ်ကြီး ဂုဏ်တန် အသိုင်းအ၀ိုင်းပီပီ.. သူလို နာမည်ပျက်ရှိတဲ့.ကောင်လေးမျိုးနဲ့. သဘောတူနိုင်ပါ့မလား..

သူက အရင်​တုန်းက ​တော်​​တော်​ ရှုပ်​ခဲ့တဲ့ သူတစ်​​ယောက်​...
ငွေကြေးချမ်သားတဲ့ သူတွေကိုဘဲ.. အထည်လဲ တွဲပြီး သူတို့ဆီက ရသမျှ ယူ ​နေတာ​ပေါ့.. 

သူ့ အတွက်​​တော့ ​ငွေရှာရတာ သိပ်​ခက်​တဲ့ အလုပ်​​တော့ မဟုတ်​ခဲ့ပါဘူး......, ​လူတိုင်း မလွန်​ ဆန်​နိုင်​တဲ့ သူ့ရဲ အလှတရား​အောက်​မှာ.. ​ယောက်ျားတိုင်း မိန့်​​မော လျှက်​.. သူ့ရဲ့ ​တောင်းဆို မှု ​တွေ​ကို မလွန်​ဆန်​နိုင်​ကြ...... ,
သူ အတွက်​ က ပါအရင်း အနှီးမှ မလိုဘဲ လွယ်​လွယ်​ကူကူ ​ငွေရနိုင်​တဲ့ အလုပ်​ဆို​တော့..ဒီလို​တွေ သူလုပ်​​နေတာ မ​ကောင်းမှန်းသိ​နေတာ​တေယင်​ မစွန့်​လွတ်​နိုင်​တဲ့ အ​ခြေအ​နေပါ...
သူလုပ်​မှာဆိုလို့... သူရဲ့.. နဂို ရှိပြီးသားအလှကို အလှဆုံးပြင်ဆင်​ပြီး ​ယောက်ျား​တွေ ကို ဆွဲ​ဆောင်​ရုံပဲ​လေ....

Yunjae OneShot Collections (Yaoi)Where stories live. Discover now