*~*~My Hansband Jung Yunho~*~* (Part-2)

3.2K 214 4
                                    

Jaejoong က ညစာပြင်​ရင်း.. Changmin ပြန်​အလာကို ​စောင့်​​နေစဉ်​..ဖုန်းတစ်​ခု ၀င်​လာ၏...

"Hello., Jaejoong ah., Appa ပါ...

သူ က Yunho ၏.. ဖခင်​ ဖြစ်​သည်​။...

"ဒီ​နေ့ Minnie ကို.. Appa တို့ အိမ်​မှာ ​ခေါ်ထားလိုက်​မယ်​...
သူ့ အဘွားကလည်း သူ့ကို ​တော်​​တော်​​တွေ့ချင်​​နေတာ... "

"Nae.. Appa., ​ခေါ်ထားလိုက်​​လေ....ရပါတယ်​..

"ဒါနဲ့.. Jaejoong ah.. , Yunho ကို. ဂရုစိုက်​လိုက်​ပါဦး..

"ဟင်​... Yunho ဘာဖြစ်​လို့လဲ...

Jaejoong က စိုးရိမ်​စွာ​မေးလိုက်​​လေ၏..

"Changmin ​ပြော​တော့.. ဒီရက်​ပိုင်း Yunho ​နေမ​ကောင်းဘူးတဲ့..."

Mr Jung ​ပြောမှ သူ သတိရလိုက်​သည်​။...ဒီရက်​ပိုင်း. Changmin ​ကြောင့်​.. သူတို့နှစ်​​ယောက်​.အတူတူ အိပ်​ဖြစ်​သည်​။..အဲ့ဒီ့ အထဲက. Yunho မျက်နှာညှိုးနေတာ.. Jaejoong သတိထားမိသည်​။..

"Nae...., Appa. , သူ့ကို.. ဂရုစိုက်​လိုက်​ပါ့မယ်​....

"​အေး..​အေး.. အဲ့ဒါဆို.ဒီရက်​ပိုင်းMinnie ကို. Appa တို့..ခဏ ​ခေါ်ထားလိုက်​မယ်​...."
.
.
.
အိမ့်​​ရှေ့က ကားသံကြား​တော့မှ.. Jaejoong စိတ်​​အေး သွားရ၏....​တော်​ကြာ.. ဟို​နေ့ကလို Yunho ပြန်​မလာဘဲ ​နေမှာကို.စိုးရိမ်​​နေရတာ.. အခု ပြန်​လာ​တော့.. ​တော်​​သေး၏...

Jaejoong ထင်​ထားတဲ့ အတိုင်းပဲ.. Yunho က ​ရောက်​​ရောက်​ချင်းဘဲ..သူ့ အခန်းထဲကို ၀င်​သွားပြီး.. Lock ချထား​လေ၏....
.
.
.

>>>သူ အိပ်​များ.အိပ်​​နေပြီလား..>>>

Jaejoong တံခါးခေါက်ကြည့်တော့လည်း..အထဲက ဘာသံမှ မကြားရ...Jaejoong လည်း.စိုးရိမ်တာနဲ့.. သူ့မှာ ရှိတဲ့ သော့ပို ကို ယူပြီး..တခါးကို ဖွင့်​လိုက်​သည်​။..

အထဲ ၀င်​ကြည့်​လိုက်​​တော့.. ခုတင်​​ပေါ်တွင်​.. Yunho အိပ်​​ပျော်​​နေတာ ကို.တွေ့​လေ၏...
သူက.. အပြင်​က ပြန်​လာတဲ့ ၀တ်​စုံကို​တောင်​ မလဲနိုင်​ဘဲ..အိပ်​​ပျော်​​နေ​လေရဲ့ ...တကိုယ်​လုံး. တုန်​ပြီး.. ​ချွေး​တွေလည်း. ထွက်​​နေ၏..အိပ်​​ပျော်​​နေ​ပေမယ့်​. သူပုံစံက. တစ်​ခုခု ခံစား​နေရသည့်​ဟန်​....

Yunjae OneShot Collections (Yaoi)Where stories live. Discover now