*~*~Loving You~*~*

2.4K 161 5
                                    

Pairing - Yunho , Jaejoong

Genre - Fluffy , Love , So Short XDD

..........................................................................

အချိန်က ညနေ 5 နာရီ လောက်ဆိုပေမယ့်...ကောင်းကင်တစ်ခုလုံး.. အုံ့ ဆိုင်း မဲမှောင်နေတော့...ညရောက်ပြီ တောင် ထင်ရသည်။..

မိုးကလည်း.. သည်းသည်းမဲမဲရွာနေသည်မှာ.. မရပ်တော့...

ပတ်ဝန်းကျင်က အေးချမ်း​နေ​ပေမယ့် ကျွန်တော့် မှာတော့..စိုးရိမ် မှုနဲ့ ပူလောင်နေရသည်။...

ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ.. သူ့ ကို အရမ်းစိုးရိမ်နေမိသည်။...

ပြတင်းပေါက်ကနေ.. အပြင်ကို ငေးရင်း.. သူ ပြန်လာချိန်ကို..စောင့်မျော်နေရ၏...

မိုးကတော့ သည်းသည်းမည်းမည်း ရွာဆဲ...

မနက်တည်းက.. အိမ်ကထွက်တာ...ဘာအဆက်အသွယ်မှ မရ..ဖုန်းလည်း. မကိုင် ဆိုတော့...စိုးရိမ်စိတ် ပိုဖြစ်မိသည်။.

>>Jae.. ရယ်..ပြန်လာပါတော့.. ကိုယ် စိတ်ပူရလွန်းလို့ ရူးတော့မယ်..>>>

မနက်က ...သူနဲ့ ကျွန်တော် အကြီးအကျယ် .စကားများကြသည်။..

တစ်ခါတစ်လေ သူ့ ကို ကျွန်တော် စိတ်ပျက်မိသည်။..

သူက ဘာမဟုတ်တဲ့ ကိစ္စ လေးတွေကိုတောင် လိုက်ပြီး.သ၀န်တို တတ်သည်။..

အဲ့ဒီ့ကိစ္စ ကြောင့်နဲ့ဘဲ.. သူနဲ့ ကျွန်တော်. ခဏခဏ စကားများရသည်။...

ဒီနေ့လည်း.. ကျွန်တော်တို့ စကားများကြပြီး..သူက စိတ်ဆိုးဆိုးနဲ့.. အိမ်က ထွက်သွားသည်။..

သူ မထွက်သွားခင်.. ကျွန်တော့် ကို ကြည့်သွားတဲ့ အကြည့်ကို..ခုထိ ကျွန်တော့် မျက်လုံးထဲက မထွက်သေး...

ဝမ်းနည်းရိပ် နဲ့..မျက်ရည် တွေ ရောနှော ပြည့်နက်နေတဲ့..သူရဲ့ မျက်ဝန်းတစ်စုံကိုပေါ့.....

ပြီးတော့....နောက်တစ်ခုက..

ကျွန်တော် စိတ်ဆိုးဆိုးနဲ့ အမှတ်မထင် ရိုက်လိုက်မိလို့..နီရဲတက်သွားတဲ့ သူ့ နဲ့ ပါးပြင်​လေး....

မထင်မှတ်ဘဲ လုပ်လိုက်ပြီးမှ.. ကျွန်တော် အရမ်းတုန်လှုပ်သွားမိတယ်..

Yunjae OneShot Collections (Yaoi)Where stories live. Discover now