# Unicode #
"တီ~....တီ~......တီ~.....တီ~.....တီ!!!!!.."
တစ်ဖက်က အရေးပေါ်အခန်းထဲက..နှလုံးခုန်စက်တို့ကလည်း...တတီတီမြည်လာသည်။ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း...ပြာယာခတ်နေကြပြီး စောင့်ကြည့်နေကြတဲ့ ဆော့ဂျင်တို့ရော ဂျောင်မင် တို့ပါ မျက်ရည်တွေနဲ့ စိုးရိမ်ပူပန်နေကြပြီး အခန်းရှေ့မှာ ခြေမကိုင်မိလက်မကိုင်မိ........
"ဂျင်ဂျင်...ကု..ကုဘာမှ မဖြစ်လောက်ဘူးမလား..."
"မဖြစ်လောက်ပါဘူး ဂျီဂျီရာ....ငါတို့ ကုလေးက သန်မာပါတယ်..."
"ကုကု...ငါတို့ မင်းကို စောင့်နေတယ်လေ...မင်းအားတင်းထားရမယ်နော်..."
ဟိုဆော့တို့...အရေးပေါ်ခန်းထဲမှာ ပြာယာခတ်နေတဲ့ ဆရာဝန်တွေကို ကြည့်ပြီး...အခန်းပြင်မှာ ရင်တမမနဲ့ စောင့်နေကြ၏။
* ကုကု....ညီလေး...ကိုကြီးတို့ ဆီ ပြန်လာရမယ်နော်....ညီလေးသာ တစ်ခုခုဖြစ်ရင် မားရော ကိုကြီးပါပါ...နှလုံးကွဲပြီးသေရလိမ့်မယ်....ကုရဲ့...*
အရေးပေါ်ခန်းရဲ့ ရှေ့ဘက်နံရံက မှန်ဖြစ်တာကြောင့် အထဲကို အတိုင်းသားမြင်နေရသည်။ဆေးပိုက်တွေမျိုးစုံနဲ့ သွယ်တန်းထားတဲ့ ကိုယ်ငယ်လေးကို...CPR လုပ်နေသော်လည်း...နှလုံးစက်က အတန်းကြီးဖြစ်နေသည်။
"နှလုံးနှိုးစက်...သုံးမယ်..."
"ချပ်!.....ချပ်!......ချပ်!...."
"ဘုတ်!....ဘုတ်!.....ဘုတ်!...."
"အခြေနေ!.."
"မခုန်သေးဘူး...ဒေါက်တာ..."
စက်နဲ့နှိုးတာတောင်...ပြန်နိုးမလာတဲ့ နှလုံးကြောင့် ဆရာဝန်တွေနဲ့ သူနာပြုတွေပါ ချွေးစေးပြန်လာပြီ~အပြင်က ကြည့်နေတဲ့ သူတို့လည်း..နှလုံးနှိုးစက်ကြောင့် မြှင့်တက်ပြီး တုံပြန်မှု မရှိတဲ့ ကိုယ်လေးကို ကြည့်ပြီး...ငိုမဲ့မဲ့....
"ဗို့အား မြှင့်မယ်...အဆင်သင့်ပြင်..."
"ဟုတ်ကဲ့ ..."
"ချပ်!....ချပ်!....ချပ်!...."
"ဘုတ်!.....ဘုတ်!...."