Part -28

754 52 23
                                    

# Unicode #

"boss...စီစဉ်ခိုင်းတာ နည်းနည်းလွှဲချော်သွားပေမဲ့...ကင်မ်ထယ်ယောင်းတို့ကတော့..အက်ဆီးတန့်ဖြစ်သွားပါတယ်..."

"ဟားးး ဟားးးး ကောင်းတာပေါ့ကွာ....အဲ့လမ်းကို မနက်ထိ ကားတစ်စီးမှ မလာစေနဲ့..."

"ဟုက်ကဲ့ boss .."

"သွားတော့ ..."

သူပြောတာနဲ့ အရိုသေပေးပြီးထွက်သွားကြတဲ့သူ့ရဲ့ လက်ပါးစေတွေ....သူခိုင်းတာ လွှဲသွားပေမဲ့ ချက်ကောင်းတော့ ထိသွားတာမို့...အပြစ်မပေးတော့....သူစီစဉ်ထားတာက...ပါတီမှာ...ဂျောင်ဂုတို့လေးယောက်ကို ပြန်ပေးဆွဲမယ်...ပြီးတော့ ထယ်ယောင်းတို့ဆီ ဖုန်းဆက်ပြီး...သူ့ဆီလာဖို့ ပြောမယ်....သူတို့ ရဲ့ ကားတိုင်းမှာ ဘရိတ်ကြိုး ကို ဖြတ်ခိုင်းထားတာ...ဒါပေမဲ့ သူပြန်ပေးမဆွဲခင်မှာ..ယန်းဆူဆိုတဲ့ ကောင်လေးနဲ့ ပြဿနာတက်ပြီး...ယွန်ဂီတို့က ယန်းဆူကို ဆေးရုံကားနဲ့ ဆေးရုံလိုက်ပို့တာကြောင့်..သူတို့က လွတ်မြောက်သွားပေမဲ့..ထယ်ယောင်းတို့ကတော့ ဘရိတ်ကြိုး အဖြတ်ခံရတဲ့ကားကိုစီးဖြစ်သွားသဖြင့် သူ့ရဲ့ တပည့်တွေကို ခိုင်းပြီး..ကားနဲ့ ဝင်တိုက်ခိုင်းတာ..ထယ်ယောင်းတို့က ရှောင်လိုက်တော့ လမ်းဘေးအုတ်နံရံနဲ့...အုန်း!....ဘုန်း!.....ဇာတ်လမ်းလေးက ပြီးသွားတာပေါ့....

"ဟက်!...အခုတော့..ပျော်ပျော်ကြီး သေရွာလားကြတော့ပေါ့..ကင်မ်ထယ်ယောင်း..."

ဂျောင်ဂုကတော့ မရည်ရွယ်ပါဘူး..ထယ်ယောင်းကိုသတ်ပြီးရင်..ဂျောင်ဂုကို အပိုင်သိမ်းဖို့ကြံထားတာ...အခုတော့ သူပါ ပါသွားတော့ နှမြောစရာ...ဒါပေမဲ့..ယွန်ဂီတို့ ကောင်းလေးတွေ ရှိသေးတာဘဲ...အခု လှည့် ‌ကံကောင်းပေမဲ့ နောက်အလှည့်ကျ ကံမကောင်းနိုင်ပါဘူး.....

"ဟက်!...မစမ်းသင့်တဲ့လူကို လာစမ်းတာဘဲ....ဂန်ချန်းမင်က ကိုယ်မရရင် ဘယ်သူမှ မရရအောင်လုပ်တတ်သလို လုယူတဲ့သူကိုလည်း ကောင်းကောင်းအပြစ်ပေးတတ်တယ်....ဟားးးး ဒီလိုညလေးမှာ အလှလေးတွေနဲ့ပျော်ရွှင်သင့်တာပေါ့...အဟက်!..."

ဂန်ချန်းမင်က ပျော်ပျော်ပါးပါးအောင်ပွဲခံနေသလို တစ်ဖက်မှာလည်း...အပူတွေ တောက်လောသ်နေသည်။

 Magic Of Love Where stories live. Discover now