# Unicode #
"ဘာပြောမလို့လဲ...အကုန်လုံးလဲ ဆုံလို့ပါလား..."
အခုဆို..ဂျောင်ဂုတို့လေးယောက်ရော...ထယ်ယောင်းတို့ လေးယောက်ပါ...ဂျင့်ရဲ့ စားသောက်ဆိုင်မှာ ဆုံနေကြ၏။
"ဂျီတို့..ကုနဲ့ အစ်ကိုယောင်းကို ပြောစရာရှိလို့ ချိန်းလိုက်တာ.."
"ဘာပြောမလို့လဲ...မင်းတို့အကုန်လုံးက ငါတို့ နှစ်ယောက်တည်း ပြောမှာလား....ငါတို့နှစ်ယောက်တည်း မသိသေးတဲ့ ကိစ္စလား...."
"ဟုတ်တယ်...ကုကု...အစ်ကိုတို့က..ပြောပြီး အကူညီလည်း တောင်းချင်လို့.."
"ဘာကိစ္စ မလို့လဲ...ယွန်ဂီ..."
"ဒီလို...အစ်ကိုယောင်းနဲ့ ကုရဲ့...အဟမ်း!...ဂျင်ဂျင်တို့တွေ စေ့စပ်တော့မလို့..."
"ဟမ်!...မင်းတို့တွေ...!...အားလုံးလားး!!"
ဂျောင်ဂုနဲ့ ထယ်ယောင်းတို့ ပြိုင်တူ အသံထွက်မိသွား၏။
ဆိုင်ထဲမှာ သူတို့က လွှဲပြီး ဘယ်သူမှ ရှိမနေလို့သာပေါ့...မဟုတ်ရင်...ထယ်ယောင်းတို့ အသံကြောင့်...စားသုံးသူတွေ ထွက်ပြေးမှာသေချာတယ်...
"တိုးတိုးပြောပါကွ....မျက်လုံးကြီးလည်း သိမ်းကြအုံး..."
"အေးပါ...ဒါနဲ့..စေ့စပ်ပွဲက ဘယ်နေ့လည်း..."
"နောက်ငါးရက်နေရင်.."
"ဘာာာ!...နောက်ငါးရက်...."
"ဖြေးဖြေးပြောကြပါကွာ...."
"ဂျီဟွန်း ဒီကိစ္စက ဖြေးဖြေးပြောစရာလား...ကြည့်စမ်း...နည်းနည်းလေးဘဲ လိုတော့တာကို...အခုမှ ငါတို့ကို ပြောရလား..."
"မေ့သွားလို့ပါကွာ...."
"အင်း...မေ့ကြနော်...တော်တော် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ..."
"ပြောလေ...ကုတို့က ဘာကူညီပေးရမှာလဲ..."
"ဟီး....ကုနဲ့ အစ်ကိုယောင်းက...ဂျီတို့ စေ့စပ်ဖိတ်စာ ယူလာပေးရမှာ..."
"မင်းတို့က ဘာဖြစ်လို့ မယူတာလဲ..."
"အစ်ကိုပြောပြမယ်....အစ်ကိုတို့နဲ့...ဟန်နီတို့က ညနေကျရင်....ဘူဆန်ကို ပြန်မှာ...ဟိုမှာ စီစဉ်စရာရှိတာတွေ လုပ်ရအုံးမယ်လေ...စေ့စပ်ပွဲက ဘူဆန်မှာ ဆိုတော့....."