6

338 22 1
                                    

""ရစ်ခီ ရစ်ခီ ဒီဘက်လှည့်ကြည့်ပါဦး""

ကောင်မလေးတွေရဲ့အသံက အဝေးကြီးကနေတောင်ကြားရသည်။ရစ်ခီပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်သည်။အချိန်ကာလက တော်တော်ကြာပြီဖြစ်ကာ သူကိုကိုနဲ့တွဲတာတောင်ငါးနှစ်ပြည့်ခဲ့ချေပြီ။သူကတော့ အောင်မြင်တဲ့အဆိုတော်ဖြစ်လာသလို ရုပ်ရည်ကြောင့်လည်း အားပေးသူပေါသည်။ကိုကိုကတော့ ကျောင်းဆရာဝင်လုပ်ကာ သူတို့နှစ်ယောက်ရဲ့အိမ်လေးမှာနေသည်။

""ယောရောဘွန်းတို့ ကျမတို့ရဲ့ကော်ဖီမစ်သတင်းshowကနေ ဒီနေ့ဖိတ်ထားတဲ့လူကတော့ လက်တလောနာမည်ကြီးနေတဲ့အဆိုတော်ရစ်ခီရှန်ပါရှင့်""

ရစ်ခီ MCကိုပြုံးပြလိုက်ကာ ကင်မရာစခရင်ကိုပြုံးပြလိုက်သည်။ဒီကော်ဖီမစ်MCကတော်တော်လေးတတ်ကြွပေမယ့် သဘောမကောင်းသူဖြစ်ကာ ပေါက်ကရမေးခွန်းများမေးတတ်သူမို့ ယူဂျင်းကတော့ဘေးနားကစိတ်ပူနေမိသည်။

""ရစ်ခီရှင့် ငယ်ငယ်တုန်းကတအားဆိုးသွမ်းတယ်ကြားတယ် အဖေကချမ်းသာလို့ ရန်ဖြစ်ရင် ငွေနဲ့ပေါက်ပြီးဖြေရှင်းတယ်ဆို""

ကြည့်ပါလား မိတ်ဆတ်ပြီးတာနဲ့စလာပြီ။ရစ်ခီကတော့ MCရဲ့အမေးကိုကြားတော့ပြုံးလိုက်သည်။

""ကျနော့်ရဲ့အခုပုံကိုကြည့်ပြီးဆုံးဖြတ်ပေးပါဦး ငွေနဲ့ပေါက်နိုင်တဲ့ပုံပေါက်နေသေးသလားလို့ ဘတ်နှစ်ရာတန်ဘောင်းဘီ ဒစ်စကောင့်အကျီနဲ့ကောင်လေးက အစ်မကိုငွေနဲ့ပေါက်လို့အခုရနိုင်သေးလား""

မျက်လုံးတစ်ဖက်winkကာပြောလာသည့်အခိုက်မှာ MCရဲ့မျက်နှာမှာပန်းရောင်ဖြတ်ပြေးသွားတယ်။ဒါပေမယ့် professionalပီပီချက်ချင်းသတိဝင်လာကာ သူမခံလိုက်ရပြီမှန်းသိသွားကာ ဒေါသထွက်လာသည်။

""ရစ်ခီကို ဘာတွေကများဒီလိုပြောင်းလဲသွားစေပါလိမ့်""

""အစ်မကြားဖူးတာတော့ အထက်တန်းတုန်းကသဘောကျတဲ့စီနီယာတစ်ယောက်ရှိပြီးဘောလုံးပွဲထဲအထိ သွားပွဲကြမ်းခဲ့တာဆို""

!Savage!

MCအမျိုးသမီးကရယ်လိုက်ပြီး ရစ်ခီဘယ်လိုရှောင်ပြေးမလဲဆိုတာစိတ်ဝင်စားနေပုံရကာ မျက်လုံးတွေကတောက်ပနေတယ်။ရစ်ခီရဲ့မျက်နှာမှာ အပြုံးသေးသေးလေးကထွက်လာကာ သူ့ရဲ့အင်္ကျီကိုဆန့်ကာခါးကိုမတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 28, 2023 ⏰

Add this story to your Library to get notified about new parts!

I lay my love on youWhere stories live. Discover now