4

284 32 0
                                    

ထိုစကားသံဟာ ဟန်ဘင်းရဲ့စိတ်ထဲကိုမီးမှောင်းထိုးပြလိုက်သလိုပဲ နားဖျားတွေကိုနီရဲသွားစေသည်။

အသာခေါင်းငြိမ့်ပြလိုက်မှုမှာ ရစ်ခီပျော်ရွှင်စွာပြုံးလိုက်သည်။ကိုကိုက ဘာလို့ဒီလောက်တောင်ချစ်စရာကောင်းရတာလဲ။သူ့ကိုကိုပါဆိုမှ ဘယ်လိုနေနေချစ်စရာကောင်းရမှာပေါ့

"""ကိုကို ကျနော့်ကိုအဖြေပေးတော့"""

လက်ဖဝါးကိုဖြန့်ကာ သကြားလုံးတောင်းသလိုတောင်းလာသည့်$ကလေးရဲ့အပြုအမူမှာ ဟန်ဘင်းတစ်ယောက် ပြုံးမိတော့မလိုဖြစ်သွားတယ်။ဒါပေမယ့် ချက်ချင်းရုပ်တည်လိုက်တယ်။

""ဘာလို့ ငါကမင်းကိုအဖြေပေးရမှာလဲ"""

""ကိုကို ခုနကကျနော့်ကိုလွမ်းတယ်ပြောလိုက်တယ်လေ""

""လွမ်းတိုင်း မင်းကိုသဘောကျတယ်ထင်စရာလား"""

""ကိုကိုက ကျနော့်ကိုမချစ်ဘူးလား""

ပြောရင်း ခေါင်းငုံ့ကာမျက်ရည်တွေကျလာသည့်$ကလေးကိုကြည့်ပြီး ဟန်ဘင်းသူစတာလွန်သွားပြီလားလို့ တွေးမိသွားသည်။ဒါကြောင့်ခုံပေါ်က ရစ်ခီရဲ့လက်ကိုလှမ်းကိုင်လိုက်သည်။မျက်ရည်တွေဝေ့နေတဲ့ မျက်လုံးတစ်စုံကသူ့ကိုမော့ကြည့်လာတော့ ဟန်ဘင်းစိတ်ထဲမကောင်းဖြစ်သွားသည်။

""ငါပြောပြမယ် ငါကအခုဘာလဲ အမြင့်ဆုံးတက္ကသိုလ်မှာအတင့်တစ်ရတဲ့ကျောင်းသား မင်းကတော့အထက်တန်းတောင်မအောင်သေးတဲ့ကလေးအဲ့တော့လူတွေက မင်းကိုဘာပြောကြမလဲ"""

"""သူတို့ပြောတာကျနော် ဂရုမစိုက်ဘူး"""

""ဒါပေမယ့်ငါကရော ငါ့ကိုလူတွေကအထက်တန်းခုထိမအောင်သေးတဲ့ကလေးနဲ့တွဲတယ်ပြောမှာပေါ့ နောက်ပြီးမင်းရဲ့ဝါသနာ အဆိုတော်ဖြစ်ချင်တာ တစ်ချိန်မင်းရဲ့အတန်းပညာမအောင်တာက Antiတွေလက်ညှိုးထိုးစရာဖြစ်လာရင်ဘယ်လိုလုပ်မလဲ ဒီနှစ်တော့စာမေးပွဲအောင်အောင်ဖြေ မင်းဒီလောက်ဉာဏ်မကောင်းတာလည်းမဟုတ်ဘဲနဲ့""

ဟန်ဘင်းရဲ့စကားတွေကချိုသာမနေခဲ့ပေမယ့် သူကောင်းဖို့ပြောနေသည်မှန်း ရစ်ခီသိပါသည်။သူလည်းကိုကိုနဲ့မတွေ့ခင်အထိအလေလိုက်ခဲ့သည်ပဲမလား ကိုကို့ကိုချစ်ဖို့ပဲတွေးပြီး တစ်ခါမှပုခုံးခြင်းယှဥ်ရပ်ဖို့အထိမတွေးဖူးခဲ့။ကိုကိုကတော့ မစခင်ထဲက သူနဲ့အနာဂတ်ကိုပါတွေးခဲ့ပြီးသားတဲ့။သူ့အဖေဆီကအကူအညီယူဖို့အထိ ရစ်ခီမတွေးခဲ့ပါ။သူ့အဖေပိုင်တာ သူပိုင်တာမှမဟုတ်တာ။

I lay my love on youWhere stories live. Discover now