5

310 41 4
                                    

""အောင်မယ် ကြားသားမိုးကျိုးစာလုပ်နေပါလား""

ညီဖြစ်သူရဲ့အခန်းထဲဝင်ဝင်ခြင်း စာလုပ်နေတဲ့သူကြောင့် ဂျီဝွန်းမနေနိုင်စွာပြောမိသည်။

""လုပ်ရမှာပေါ့ဗျာ ကိုကိုကစာလုပ်တဲ့ကလေးတွေကိုချစ်တယ်တဲ့""

""အော် အေးအေး အကိုပြောတော့တစ်လ ချစ်သူပြောတော့တစ်ည""

ကုတင်ပေါ်ထိုင်ရင်း ရွဲ့သလိုနဲ့ပြောလာသည့်အကိုဖြစ်သူရဲ့စကားမှာ ရစ်ခီမျက်လုံးသာလှန်လိုက်သည်။သူပဲ သူ့ကိုဟိုးအရင်တုန်းကစာလုပ်ဖို့အတင်းတိုက်တွန်းနေပြီး အခုစာလုပ်နေတော့လည်းဘေးမှာထိုင်ရွဲ့နေသည်။

""ဒါကဘယ်လဲ""

စာအုပ်တွေကိုလွယ်အိတ်ထဲသိမ်းရင်း အပြင်ထွက်တော့မည့်ပုံကြောင့် ဂျီဝွန်းမေးလိုက်တော့

""စတူဒီယို""

""ကားယူသွားဦး နေပူတယ်""

ကားထဲကထွက်ကာ လမ်းမထက် သူလျှောက်လာတော့ ဘေးဘီကကောင်လေးတွေ၊ကောင်မလေးတွေက သူ့ကိုငေးမောနေကြသည်။အနည်းငယ်ရှည်လာသောဆံပင်ကို တိုအောင်ညှပ်ထားသည့်အပြင် အရောင်ပါတင်ထားသေးသည်မို့ ချောမောလှသောမျက်နှာက ရှင်းလင်းကာဝင်းမွတ်နေသည်။

""ရစ်ခီ လာပြီလား ငါမင်းကိုသတင်းကောင်းပြောစရာရှိတယ်""

သူ့ကိုမြင်မြင်ခြင်း ပြေးလာတဲ့ယူဂျင်းက သူ့ရဲ့မကြာသေးခင်ကမှရရှိထားတဲ့မန်နေဂျာသေးသေးလေးပင်။နာမည်လည်းမကြီးသေးသလို ဘာသီချင်းမှမထုတ်ရသေးသည့်သူ့အဖို့ အခုလိုမန်နေဂျာတစ်ယောက်ရတာက သူ့အဖေကိုကပ်ချင်လို့ဆိုတာ မပြောဘဲတောင်သိသည်မလား။ဒါပေမယ့် သူကိုယ်တိုင်ကလည်းမန်နေဂျာတစ်ယောက်နောက်ကျရင်လိုလာမှာဆိုတော့မငြင်းဖြစ်။နောက်ပြီး ယူဂျင်းကသူ့ကိုရှိန်နေတာမျိုးလည်းမရှိ သူငယ်ချင်းလိုသာဆက်ဆံသည်။

""ဘာဖြစ်လို့လဲ""

""ငါတို့သူဠေးဆီဟိုတလောက လာသွားတဲ့သူငယ်ချင်းကလေ မင်းရဲ့profileကိုမြင်ပြီးသဘောကျနေတာ သူက မင်းနဲ့ကြေငြာတစ်ခုလောက်ရိုက်ချင်တယ်တဲ့"""

I lay my love on youTempat cerita menjadi hidup. Temukan sekarang